Professional Authors

သန်လျင်စခန်းမှ မှန်နန်းရာဇဝင်

မျှော်တော် တောင်ကုန်းရှိရာဌာန
သန်လျင်မြေက ဒဏ္ဍာရီလို ရာဇဝင်နဲ့
နန္ဒာကိုယ်တော်ရဲ့ အဖြစ်ဆိုးနဲ့
မွှေးနန်းလို အချစ်မျိုးရဲ့
ရင်ကွဲစရာ…အဖြစ်တစ်ခုနဲ့သန်လျင်..။

စိုးထိတ်စွာ မျှော်ရှာသည့်
ငမိုးရိပ် စီးလာမယ့် ချစ်သူက
ဥက္ကလာပ မင်းရဲ့သားတော်
ကိုယ်တော်နန္ဒာ ဖြစ်ရတယ်..၊။

မြစ်တစ်ခွင်ကို အပိုင်စားပေးလို့
ခစား ဝတ်ပြုတဲ့ ကျေးဇူးသိတတ်သူ
မလက်တို ရဲ့ အမူကြောင့်
အကျိုးမလှတဲ့ အကြောင်းနဲ့
ငမိုးရိပ်မိကျောင်းရဲ့ ဖြစ်အင်ထူး…။

လိုရာခရီး မိကျောင်စီးလို့
ခရီးတွင်ခဲ့သူ မင်းနန္ဒာ
ဒီတစ်ခါမှာတော့ ကံကြမ္မာက
မျက်နှာသာမပေးပြီ…၊
ဘေးစကားကိုမှ ယုံမှားတဲ့ မွှေးနန်း
ယာလက်မောင်းအား ခေါင်းအုံးပြီး
ချစ်သက်သေပြစေခဲ့လို့…၊
ချစ်နေပေမယ့် လမ်းခွဲခဲ့ရ..
လွမ်းခါမှ ရင်ကွဲနာကျခဲ့တယ်…၊
ရင်ကွဲစရာ ကောင်းပါကလား…။

နောက်ဆုံးမှာတော့
သေရွာကို အတူသွားတဲ့အထိ
ချစ်ခဲ့ကြသူနှစ်ဦး…
ကောင်းကင်ထက်မှာ မီးခိုးချင်းပူးတဲ့
သန်လျှင်စခန်းမှ မှန်နန်းရာဇဝင်တစ်ခုပါ..။

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jul 25, 2011
Comment #1

ကဗျာဖတ်ရင်း.. ပုံပြင်ပါနားထောင်သွားတရ်နော်…

commentinfo By: sandi at Jul 25, 2011
Comment #2

good,,,,,,,,,,,,

commentinfo By: May Kha at Jul 25, 2011
Comment #3

ကိုယ့်လူ
သမိုင်းကိုတော်တော်လေ့လာထားတယ်ထင်တယ်
ကောင်းပါတယ်ဗျာ

commentinfo By: virus at Jul 25, 2011
Comment #4

ပုံပြောပြနေသလိုပါပဲ ပုံပြင်ကိုကဗျာလေးကိုဖွဲ့သွားတာ
တကယ်ကောင်းတယ်

commentinfo By: black cloud at Jul 25, 2011
Comment #5

hanks virus and other friends…./

Comment #6

ပုံပြင်တွေလာပြောနေတာပဲ…..။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #7

ကျေးဇူးပါဗျာ တကယ့်ကောငိးကောင်းဖွဲ့တတ်တာပဲ

commentinfo By: nyipu at Dec 28, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment