Professional Authors

ကဗျာဆရာများနှင့် ကဗျာ(မင်းလူန)

            (၁)
ကဗျာရေးရန်
ကဗျာဆရာအလိုရှိသည်
ကဗျာဟာလိုအပ်ချက်ကြောင့် 
ကဗျာဖြစ်လာသည်။
ကဗျာဟာကဗျာဘာသာစီးဆင်းလာသည်
ကဗျာဟာလောကကိုပြုပြင်ထိန်းသိမ်ရန်မွေးဖွါးသန့် စင်လာသည်။
ကဗျာသည်လူနှင့် ဘေးထွက်ဆိုးကျိုးများကိုထမ်းပိုးရန်
ကဗျာသည်နှလုံးသည်းခြေ၏ဟိုးအနက်ရှိုင်းဆုံးနေရာမှသွေးစက်များကို
ချီပိုးသယ်မလာသည်။
ကဗျာသည်အရိုးနှင့် အရေကြားမှခုန်ချဖြစ်ထွန်းလာသည်
ကဗျာသည်ကမ္ဘာကိုနှစ်သိမ့် ချော့ မော့ရန်လှမ်းလာသည်
ကဗျာမရှိသောကမ္ဘာသည်ကမ္ဘာမည်လိမ့် မည်မဟုတ်
ကဗျာသည်စိတ်တို့ ၏ထွက်ပေါက်ဖြစ်သလားမဖြစ်သလားကအရေးကြီးပါလိမ့် မည်
ကဗျာသည်အယူအဆများအားပိုင်းခြားသက်မှတ်သည်
ကဗျာသည်ကဗျာဆ၇ာကိုမောင်းနှင်းရန်ဖြစ်သည်
ကဗျာကိုရေးသောကဗျာဆရာသည်
ကဗျာ၏အဓိပ္ပါယ်သက်ရောက်မှု့ ကိုမဖွင့် ဆိုနိုင်ပါ။
ကဗျာသည်ကဗျာဆရာကိုကြိမ်ဖန်များစွာ
ရေးခြစ်ခဲ့ ပြီးသောအခါကဗျာဆရာသည်ကဗျာတစ်ပုဒ်ကိုရေးရန်အချိန်ထက်
ခံစားချက်နှင့် အမှန်တရားကိုရှာဖွေလာခဲ့ သည်။။။။။။။။။

                                         မင်းလူန

In: ကဗျာ Posted By: Date: Nov 4, 2011
Comment #1

ကဗျာသည်နှလုံးသည်းခြေ၏ဟိုးအနက်ရှိုင်းဆုံးနေရာမှသွေးစက်များကို
ချီပိုးသယ်မလာသည်။
ကဗျာသည်အရိုးနှင့် အရေကြားမှခုန်ချဖြစ်ထွန်းလာသည်

commentinfo By: May Kha at Nov 4, 2011
Comment #2

အမှန်တရားကိုဖွဲ့တဲ့ကဗျာပါပဲ
အားပေးသွားပါရဲ့

commentinfo By: yaewintaung at Nov 4, 2011
Comment #3

ကဗျာသည်ကဗျာဆရာကိုကြိမ်ဖန်များစွာ
ရေးခြစ်ခဲ့ ပြီးသောအခါကဗျာဆရာသည်ကဗျာတစ်ပုဒ်ကိုရေးရန်အချိန်ထက်
ခံစားချက်နှင့် အမှန်တရားကိုရှာဖွေလာခဲ့ သည်။။။။။။။။။

Leave Comments

Name*

Email*
Website
Email me whenever there is new comment