Professional Authors

မော်ဒန်(မင်းလူန)

လိုချင်ရမ္မက်များ
ငယ်ထိပ်ကို
တက်တက်စောင့် နေတာ
လူသိမှာစိုးလို့ 
လူကြီးလူကောင်းဟန်ဆောင်နေရတာ
မောတယ်မဟုတ်လား
မညာပါနဲ့ 
(လုံးဝမညာပါနဲ့ )
စိတ်ကိုက
ပုဂ္ဂိုလ်ခင်လို့ မင်တဲ့ တရား
ဘယ်လိုကောက်ကြောင်းဆွဲပြပြ
အဆွဲလွတ်မှာမှမဟုတ်တော့ တာ
အစွန်းမှာမနေပါနဲ့ 
စွန်းထင်းခံပြီးနေပါ
တစ်ခုခုရပါလိမ့် မယ်။။။။။။။။။။။။။
ချစ်ခြင်းမှာ
လူဟာအခါခါသေရသလို
အမှန်တရားမှာလူဟာ
ဘယ်တုန်းကမှမပျော်မွေ့ တက်ဘူးထင်တယ်
စိတ်ကွယ်ရာမှာ
ထားလို့ ရတဲ့ အကုသိုလ်တွေ
ထားခဲ့ လိုက်ပါလားဗျာ
တစ်ကယ်တော့ 
အားလုံးကိုနားလည်ပေးဖို့ ထက်
ကိုယ့် ကိုကိုယ်
နားလည်ဖို့ ပဲလိုတာ
ကဲ……
ကဗျာကိုအစကပြန်ဖတ်လိုက်ကြစို့ 
×××××××××××××××××××

                                           မင်းလူန

In: ကဗျာ Posted By: Date: Dec 29, 2011
Comment #1

ချစ်ခြင်းမှာ
လူဟာအခါခါသေရသလို
အမှန်တရားမှာလူဟာ
ဘယ်တုန်းကမှမပျော်မွေ့ တက်ဘူးထင်တယ် ..
ကဗျာတစ်ပုဒ်လုံး အစအဆုံး အရမ်းကောင်းပါတယ် .. ကျေးဇူး

commentinfo By: NO NAME at Dec 29, 2011
Comment #2

မင်းလူနရေ…ကိုယ့်ကိုကိုယ်နားလည်ဖို့ကြိုးစားတိုင်း ပိုနားမလည်လာလေပဲဗျာ

commentinfo By: မိုးလူ at Dec 30, 2011
Comment #3

အရမ်းကောင်းပါတယ်

commentinfo By: example at Oct 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment