Professional Authors

တစ်ကိုယ်စာအတွေးခင်းခြင်း………………………………………မင်းလူန

လူသိရှင်ကြား
ကြားနာခွင့် တစ်ခုပါမိတ်ဆွေ
သေချာတဲ့ မိုင်တိုင်တွေအတွက်
တစ်ခုခုမိမိရရ
ဆုပ်ကိုင်မိပြီအထင်နဲ့ 
ခေါင်းမော့ ပြီးကျေနပ်နေတဲ့ 
စိတ်အခွံထဲ
ဘာတွေကိုထပ်ဖြည့် ကြမလဲပေါ့ 
ဒူးတိုက်ဆွေးနွေးရမဲ့ 
မျက်နှာချင်းဆိုင်ခွင့် မှာပဲ
ကျုပ်တို့ တစ်ယောက်ကိုတစ်ယောက်
မော့ သောက်ခဲ့ တာပဲမဟုတ်လား
ထူးပြီးတော့ ထူးမလာတော့ တဲ့ 
ပိုင်ဆိုင်မှု့ တွေရဲ့ ရိုက်ခတ်ခြင်းမှာ
တစ်ကယ်ဆိုသံသရာလည်မဲ့ 
မျိုးစေ့ တွေ
ကျုပ်တို့ ကိုယ်တိုင်ကြဲကြဲချနေကြတာပါ
သြော်………
လောကနိယာမအကြောင်းလား
အတွေးအခေါ်ပညာရှင်တွေဆက်လုပ်ပါလိမ့် မယ်ဗျာ

                                                                    မင်းလူန

In: ကဗျာ Posted By: Date: Jan 22, 2011
Comment #1

ထူးပြီးတော့ ထူးမလာတော့ တဲ့ 
ပိုင်ဆိုင်မှု့ တွေရဲ့ ရိုက်ခတ်ခြင်းမှာ
တစ်ကယ်ဆိုသံသရာလည်မဲ့ 
မျိုးစေ့ တွေ
ကျုပ်တို့ ကိုယ်တိုင်ကြဲကြဲချနေကြတာပါ
သြော်………
လောကနိယာမအကြောင်းလား
အတွေးအခေါ်ပညာရှင်တွေဆက်လုပ်ပါလိမ့် မယ်ဗျာ…….အတွေးတွေမိုက်တယ်ဗျာ…..

commentinfo By: terry at Jan 22, 2011
Comment #2

ကဗျာဘယ်နားလေးကောင်းတယ်လို့တော့ ထုတ်မပြောတော့ဘူး
အစ်ကိုမင်းလူနရဲ့ ကဗျာတိုင်းလိုလိုက အရေး အတွေး စကားလုံးရွေးချယ်မှု အဲ့ဒီသုံးခုလုံး လုံးဝပြောစရာမရှိဘူး ။

commentinfo By: X - ray at Jan 13, 2012
Comment #3

မျိုးစေ့ တွေ
ကျုပ်တို့ ကိုယ်တိုင်ကြဲကြဲချနေကြတာပါ
သြော်………
လောကနိယာမအကြောင်းလား
အတွေးအခေါ်ပညာရှင်တွေဆက်လုပ်ပါလိမ့် မယ်ဗျာ

မှန်ပါ့ရှင် တစ်ခါတစ်လေတော့လည်းးးး လျစ်လျူရှုပစ်တာက ခပ်ကောင်းကောင်း

commentinfo By: sharon myorr myor at Aug 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment