Professional Authors

အလှည့်အပြောင်း

ပြည်တော်ဟာ မုန်တိုင်းသင့်ခဲ့
မီးသိုင်းကခဲ့
နာဂစ်က စ ပြီး
ရေဘေးတွေ နဲ့ ဆုံး
ပျက်စီးဆုံးရှုံးမှုတွေ အတုံး အရုန်း
ဘ၀တွေ အလှတွေ ပျက်သုဉ်း….
ဘီယာည ရယ်စရာည
ပလီပလာအကတွေနဲ့
သစ်ပင်တွေ ထ ကြွနေခဲ့
ဟော ခုတော့ ဧရာဝတီဟာလဲ သွေးနှော
မျက်မမြင်ကြက်ဆူတောနဲ့ပေါင်း
ပြည်တော်ကိုပါ ရောင်းစားနေကြတာ…
ဦးသန့်ဟာလဲ ၇၄ခုနှစ်မှာ ဦးမသန့်အောင်လုပ်ခံခဲ့ရ
အလှည့်အပြောင်းများပေမဲ့ ဖယောင်းတိုင်လေးကတော့ မပြောင်းခဲ့ရ
ကုလားထိုင်တွေလဲ မပြောင်းသေးပ
ကဲလာ က စရာရှိရင် ကမယ်
ချစရာရှိရင် ချမယ်
သွေးလဲ စွန်းခဲ့တာ ကြာပေါ့
သံလဲ တုန်းခဲ့တာ ကြာပေါ့
ကံကြမ္မာမုန်းတော့ကော ဘာအရေးလဲ

In: ကဗျာ Posted By: Date: Nov 3, 2011
Comment #1

မျက်မမြင်ကြက်ဆူတောနဲ့ပေါင်း
ပြည်တော်ကိုပါ ရောင်းစားနေကြတာ…
ဦးသန့်ဟာလဲ ၇၄ခုနှစ်မှာ ဦးမသန့်အောင်လုပ်ခံခဲ့ရ
အလှည့်အပြောင်းများပေမဲ့ ဖယောင်းတိုင်လေးကတော့ မပြောင်းခဲ့ရ
ကုလားထိုင်တွေလဲ မပြောင်းသေးပ
ကဲလာ က စရာရှိရင် ကမယ်
ချစရာရှိရင် ချမယ်
သွေးလဲ စွန်းခဲ့တာ ကြာပေါ့
သံလဲ တုန်းခဲ့တာ ကြာပေါ့
ကံကြမ္မာမုန်းတော့ကော ဘာအရေးလဲ
မိုက်တယ်ဗျ.. လေးစားပါတယ်
အားလည်း အားပေးနေပါတယ်

Comment #2

အရမ်းလေးစားပါတယ်……….
ဆက်ရေးပါနော်

commentinfo By: May Kha at Nov 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment