Professional Authors

ခေါင်းစဉ်မရှိပါဘူး!!!

အချစ်ဆိုတာကလည်း
လွယ်မယောင်နဲ့ခက်…
သိမ်မယောင်နဲ့ နက်တဲ့ ပုစ္ဆာ ၁ ပုဒ်ပဲလေ။

ပုစ္ဆာတိုင်းအတွက် အဖြေဆိုတာရှိသလို..
မေးခွန်းတိုင်းမှာလည်း ဖြေဆိုတာရှိခဲ့ပေမယ့်……..
ငါ့အတွက်
ပုစ္ဆာသာရှိခဲ့တယ်……အဖြေထုတ်ဖို့ အခွင့်အရေးမရှိခဲ့ဘူး
အဖြေသာထွက်ခဲ့တယ်…..မေးခွန်းအတွက် အခွင့်အရေးမရှိခဲ့ဘူးလေ။

လက်ခုပ်ဆိုတာကလည်း နှစ်ဖက်တီးမှ
ညီညာတဲ့ စည်းချက်သံထွက်တာတဲ့….
အမှတ်ရစေမယ့် လက်ခုပ်သံတွေကို
တီးခဲ့ဖူးသူ နင် နဲ့ ငါ….
မထင်မှတ်တဲ့ အလှည့်အပြောင်းမှာ
ငါ…..လက်ခုပ်သံ ၁ ချက်နဲ့သာ ပွဲသိမ်းပေးခဲ့ရတယ်။

မေးခွန်းမရှိတဲ့….အဖြေ
အဖြေမရှိတဲ့….ပုစ္ဆာအတွက်…
သေဆုံးသွားသည့်တိုင်
ငါနဲ့ ထင်ကျန်ရစ်မယ့် အမာရွတ် ၁ ခုပေါ့။
(၁၆-၈-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Aug 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment