Professional Authors

ခေါင်းစဉ်ပြောင်း သွားသော ……. ငါ

 

ကဗျာ..ဒါ နင့်အတွက်တော့ နောက်ဆုံးကဗျာ

အချစ်လို့နင်ခေါ်တဲ့ ခေါင်းစဉ်တ၇ားအောက်မှာငါ..

သွေးစွန်းတဲ့မနက်တွေလည်း ငါဖြတ်ဖူးတယ်.ခဏလေးနဲ့..ပျက်.ပြယ်

လွယ်လွယ်နဲ့ ပွင့်ခဲ့တဲ့ စံပယ်မဟုတ်ပေမယ့်……ငါ့အတွက်တော့ လွယ်လွယ်ပဲ လွင့်ခဲ့သလား..ကဗျာ.

နင်ပြောသလိုပေါ့..နင်လည်းပဲမမှားပါဘူး.ငါလည်းပဲ..မမှားပါဘူး……

ထူးထူးခြားခြားလွဲတတ်တဲ့ ကံတရားကြားက ငါတို့က သားကောင်..

အဲ့လိုပဲ ငါ ကြောင်တောင်တောင်နဲ့ ကံတရားကို တစ်သက်လုံးပုံချ ..နေသွားရမယ်လို့ မျှော်လင့်ခဲ့ဖူးတယ်

ခဲခဲယဉ်းယဉ်းနဲ့ရူးခဲ့ဖူးတဲ့.အနမ်းတွေအဝေး..ဟိုး..အဝေးမှာ

တကယ်တော့ နင်ကိုယ်တိုင်ထားသွားခဲ့တာပါ

အရာရာ အသားကျဖို့အတွက်ငါ

နင်ပြောသလိုတစ်မနက်စာလောက်တော့ ရူးချင်ယောင်ဆောင်မိသား……

ဒါ လွမ်းစရာပါ..တကယ်တော့ ဒါ……လွမ်းစရာ..

ရင်ဘတ်ခြင်းနီးကပ်မှ ရင်ခုန်သံခြင်းနီးစပ်တာမဟုတ်ပါဘူး.လို့လည်း.ပြေရင်းနဲ့ တခါကငါရူးဖူးသေးတယ်

ငါ..မရှိရင် …… ငါ  ဆိုတာမသိတော့မယ့်လူတွေကြားထဲမှာ..ငါ  ခပ်ပါးပါးလေးပဲကျန်တယ်

ဘုရားမေ့.တရားမေ့..ငါ နင့်စကားတွေပဲ မျက်လုံးထဲ ဝေ့နေသလား…….

မနေ့ကအထိ ငါမှားတာပါ……ကဗျာ……တကယ်တော့ ခေါင်းစဉ်လေးပြောင်းသွားယုံပါဟ

နင် ဆိုတဲ့ခေါင်းစဉ်လေး..ငါဆိုတဲ့ ခေါင်းစဉ်လေး..ပြောင်းလဲသွားယုံပါ..

မနက်ဆို နိုးထလာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ခဏတော့ အိပ်ပေါ့

မနက်ရောက်တော့လည်း……… ၀မ်းစာအတွက်

ငါတို့ ပိုက်ဆံတွေကြားကို ကျော့ကျော့လေးတခေါက်ပြန်သွားကျရမှာပါ

ကဗျာရေ..နင်သိလား……တကယ်တော့ ငါတို့က လူယောင်ဆောင်ထားတဲ့ ကံကြမ္မာ.

နင်ပျံမှ.ငါပြန်လာခဲ့တာပါ ကဗျာ..

နင်ချန်လို့ ငါကျန်သွားခဲ့တာပါ..

နံရံကြားမှာ တခါတခါ ငါတို့ရွတ်ခဲ့ဖူးတဲ့ သစ္စာတွေများ စူးဦးမလားငါ အခု..ဘုရား တ၇ားတော့မြဲလာတယ်

ကဲ ကဲ..ကဗျာရေ……နင်လည်း နင့်ဘ၀နင့်ဇာတ်ကို ငါနဲ့ ခဏရပ်

ကဗျာရေ……..ငါ..ဆိုတာ တစ်ခန်းရပ်……….

In: ကဗျာ Posted By: Date: Jan 24, 2011
Comment #1

 

ကဗျာ…..ဒါ နင့်အတွက်တော့ နောက်ဆုံးကဗျာ

အချစ်လို့နင်ခေါ်တဲ့ ခေါင်းစဉ်တ၇ားအောက်မှာ…ငါ…..

သွေးစွန်းတဲ့မနက်တွေလည်း ငါဖြတ်ဖူးတယ်….ခဏလေးနဲ့..ပျက်….ပြယ်. ခဲခဲယဉ်းယဉ်းနဲ့ရူးခဲ့ဖူးတဲ့….အနမ်းတွေအဝေး…..ဟိုး…..အဝေး…မှာ

တကယ်တော့ နင်ကိုယ်တိုင်ထားသွားခဲ့တာပါ

အရာရာ အသားကျဖို့အတွက်…ငါ…
ရင်ဘတ်ခြင်းနီးကပ်မှ ရင်ခုန်သံခြင်းနီးစပ်တာမဟုတ်ပါဘူး….လို့လည်း….ပြေရင်းနဲ့ တခါကငါရူးဖူးသေးတယ်
ဘုရားမေ့….တရားမေ့..ငါ နင့်စကားတွေပဲ မျက်လုံးထဲ ဝေ့နေသလား…….
နင်ပျံမှ….ငါပြန်လာခဲ့တာပါ ကဗျာ…..
နင်ချန်လို့ ငါကျန်သွားခဲ့တာပါ…..
နံရံကြားမှာ တခါတခါ ငါတို့ရွတ်ခဲ့ဖူးတဲ့ သစ္စာတွေများ စူးဦးမလား…ငါ အခု..ဘုရား တ၇ားတော့မြဲလာတယ်
ကဲ ကဲ..ကဗျာရေ……နင်လည်း နင့်ဘ၀နင့်ဇာတ်ကို ငါနဲ့ ခဏရပ်
ကဗျာရေ……..ငါ..ဆိုတာ တစ်ခန်းရပ်………. Likes … 🙂

commentinfo By: Ate Pyaw at Jan 24, 2011
Comment #2

ဗျာ..အစ်ကိုဇာတိ ညီဘားမှမလုပ်ဘူးလေ…..
ဟုတ်…. Ate Pyaw ကျေးဇူးပါဗျ
🙂

commentinfo By: သားသား at Jan 25, 2011
Comment #3

အဲ့လိုပဲ ငါ ကြောင်တောင်တောင်နဲ့ ကံတရားကို တစ်သက်လုံးပုံချ ..နေသွားရမယ်လို့ မျှော်လင့်ခဲ့ဖူးတယ်
ခဲခဲယဉ်းယဉ်းနဲ့ရူးခဲ့ဖူးတဲ့….အနမ်းတွေအဝေး…..ဟိုး…..အဝေး…မှာ
တကယ်တော့ နင်ကိုယ်တိုင်ထားသွားခဲ့တာပါ
အရာရာ အသားကျဖို့အတွက်…ငါ…
နင်ပြောသလိုတစ်မနက်စာလောက်တော့ ရူးချင်ယောင်ဆောင်မိသား……
……………
သားသားရေးအရမ်းကောင်းတယ်နော်……အားပေးနေတယ်….

commentinfo By: အသဲကွဲမိုး at Jan 25, 2011
Comment #4

အားပေးသွားတယ်….

commentinfo By: genius.jinx28 at Jan 25, 2011
Comment #5

အားပေးသွားတယ် သားသားရေ….. ညီတခန်းရပ်ပီဆိုတော့ နောက်တစ်ခန်းစတော့မယ်ပေါ့ ဟုတ်လား??

Comment #6

ကြိုက်တယ်….. အားပေးသွားပါသည်

commentinfo By: moezat at Jan 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment