Professional Authors

ကဗျာဆရာမင်းလူန(မင်းလူန)

စကားလုံးတွေ
တိုက်ချွတ်ဆေးကြော
ကဗျာဆရာသဘောအတိုင်း
ကဗျာဖြစ်လိုက်ရတဲ့ ကဗျာတစ်ပုဒ်လို့ 
ထင်လို့ လား
ကဗျာဆ၇ာကသူ့ ဆန္ဒကို
လွယ်အိတ်ထဲမှာသိမ်းပြီး
သစ္စာတရားကိုပဲ
စာမျက်နှာပေါ်ပစ်တင်လို့ သာ
ပလေတိုက
သူ့ ရဲ့ လူ့ အဖွဲံ့ အစည်းမှာပါဝင်ခွင့် မပြုတာပေါ့ 
ကဗျာဆရာဗျ
ကို ယ့် ဝိညာဉ်ကိုလုံလို့ 
ဒီကဗျာကိုရေးလိုက်တာ
ဒီကဗျာရေးရင်း
ဒီကဗျာဆရာငတ်နေတာ
လူမသိလဲဘာမှမဖြစ်ဘူး
ဒီတစ်ပုဒ်ပြီးရင်
အမှန်တရားတွေခေါက်သိမ်းထားတဲ့ လောကကြီးအကြောင်း
နောက်တစ်ပုဒ်ထပ်ရေးမယ်
အဲ့ ဒါကဗျာဆရာဗျ။။။။။။။။။။
××××××××××××
ကျုပ်ကိုယ်ကျုပ်တံခါးခေါက်နေရတဲ့ ဘ၀နဲ့ 
အစာအိမ်သေးသေးလေးကို
ခေါက်ရိုးကျငတ်မွတ်ခြင်းမှာနေတက်လာတော့ 
ကဗျာကိုတစ်ပုဒ်ပြီးတစ်ပုဒ်
သတ္တိရှိရှိမွေးထုတ်နေလိုက်တော့ တာပါပဲ

                                                          မင်းလူန

In: ကဗျာ Posted By: Date: Nov 3, 2011
Comment #1

ကဗျာဆ၇ာကသူ့ ဆန္ဒကို
လွယ်အိတ်ထဲမှာသိမ်းပြီး
သစ္စာတရားကိုပဲ
စာမျက်နှာပေါ်ပစ်တင်လို့ သာ
ပလေတိုက
သူ့ ရဲ့ လူ့ အဖွဲံ့ အစည်းမှာပါဝင်ခွင့် မပြုတာပေါ့ 
ကောင်းတယ်ဗျာ တပုဒ် လုံး ကြိုက်တယ်
အားပေးနေပါတယ်

Comment #2

ကျုပ်ကိုယ်ကျုပ်တံခါးခေါက်နေရတဲ့ ဘ၀နဲ့ 
အစာအိမ်သေးသေးလေးကို
ခေါက်ရိုးကျငတ်မွတ်ခြင်းမှာနေတက်လာတော့ 
ကဗျာကိုတစ်ပုဒ်ပြီးတစ်ပုဒ်
သတ္တိရှိရှိမွေးထုတ်နေလိုက်တော့ တာပါပဲ
ကိုမင်းလူန….အမြဲအားပေးနေလျှက်ပါ

commentinfo By: အသဲကွဲမိုး at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment