Professional Authors

အငိုရုပ် ကို အပြုံးနဲ့ ဖုံးထားသည်

နှလုံးသားနဲ့ ဆက်တီး လို့  မရတဲ့ အဆုံး
ရေစီး နဲ့ ပဲ မျောပေးလိုက်တယ်
သီချင်းလေးလဲ ငိုပြီပေါ့
မျက်စိခွဲထားခံရတဲ့ လူနာ ပတ်တီးဖြေစလိုပဲ
အလင်းတွေ အရမ်းစူးရှတယ်
ငါ့ ကမ္ဘာမှောက်တာ
အဲဒီ ဂြိုဟ် ကြောင့် ဆိုလဲ မမှားဘူး ၊၊         ၊၊

ငါ့ ဒိုင်ယာရီ က တရား တစ်ပုဒ်
ချစ်တတ်သူတို့ ရူးတတ်သည်တဲ့
ဒီလိုပဲ . .  ငါ့ပြတင်း တံခါးက
အရုဏ်ဦးအလင်း မရောက်ခဲ့ဘူး
နက္ခဆိုးနဲ့ ယှဉ် တဲ့ ချစ်ခြင်း
သစ္စာတရား မှာ သက်တမ်း မပြည့်ခဲ့ဘူး
အချစ်ဦး ထက်ပိုတဲ့ ဘ၀ဦး အတွက်
ငါ ဒိုင်းနမိုက် တစ်ဆင်ဆာ
လည်ပင်းမှာ ဆွဲထားခဲ့ရတယ် ၊၊         ၊၊

ဘယ်လိုပဲ တွက်တွက် ငါ့အသိဟာ
၉၉ ပြားပဲ ရှိတယ်
ပေးသလောက် ပြန်မရမှတော့
ရသလောက်လဲ ပြန်မယူခဲ့ဘူး
အဆိပ်ဦးအတွက်တော့
လည်ပင်းမှာ ကြိုးတစ်ကွင်း စွပ်ထားတယ်
ပစ်မှတ်တွေက
မြှားဦးတွေကို ငြင်းဆိုနေသမျှတော့
ဒီ ချစ်ခြင်းတွေ ဥာဏ် မမီတာ
မနက်ဖြန် တိုင်းအတွက် တော့ မဆန်းကြယ်တော့ဘူး ၊၊     ၊၊

ဆေးဆိုးပန်းရိုက် သစ္စာတရားကြားမှာ
ငါဟာ ဆေးသုတ်ခံ နံရံ တစ်ချပ် ဆိုတာ
ဖြိုချခံရမှ သိလိုက်ရတယ်
အလင်းတွေဘက်ကို
အမှောင်တွေ ယိုင်လာတယ်
နေ၀င်သွားတာ လမင်း ပရောဂ ကြောင့်မဟုတ်ပါဘူး
ဆုံးဖြတ်ချက် ဆိုတာ ဆုံးဖြတ်သူ ပေါ်မှာ
မူတည်နေတယ် ၊၊            ၊၊

ဓါး တစ်ချောင်း ထက်ဖို့ အတွက်
ငါ့ ပါးပြင်တွေ ပွန်းပေးလိုက်တယ်
နင့် အတွက် အချစ်က
နင် နဲ့ ငါ့ ကြားမှာ
ခေါင်းထိုး ခံလိုက်ရတဲ့
စိတ္တဇ နာမ် သက်သက် တဲ့
သွားရော . . .
စစ် မရောက်ခင် မြှားကုန်သွားတယ်
ငါ လက်နက်ချခဲ့ပြီးပြီ ၊၊          ၊၊

အဘိဓမ္မာ တရားကလဲ
ငါ့ နားမ၀င်နိုင်တော့ဘူး
စွဲလမ်းစိတ် တဏှာတွေကြောင့်
ငါ ငရဲ တွေ လက်သစ် မွေးထားရတယ်
ဒါပါ ပဲ  . . . .
လူတွေဟာ ချစ်ခြင်း မှာ ပဲ အခါခါ သေရဲကြတယ်
သစ္စာ မပျက်ခဲ့တဲ့ ငါ့ချစ်ခြင်းမှာ
အနိဌာရုံ တွေ  လွှမ်းနေတယ်
နှလုံးသား ဈာပနာ တစ်ခု
ဖိတ်စာ မဝေပဲ သင်္ဂြိုဟ် ပစ်လိုက်တယ်
ငါ့ အသက်ရှုသံ တွေ လေတိုက်တိုင်း
မင်း နားခါးလိမ့်မယ် ၊၊             ၊၊

အနက်ရောင်တွေနဲ့ ပိတ်လိုက်ရတဲ့
ကောင်းကင်ဦး အတွက် ဆူး က
ငါ့ ဦးနှောက်တွေ ရူးသွားတယ်
သင်္ကေတ မဲ့ ဘာသာစကားတစ်ခုနဲ့ 
တည်ဆောက်ထားတဲ့
နင့် ရင်ဘတ် ထဲက လမင်းတစ်စင်းဟာ
ငါ မဟုတ်ခဲ့ဘူး ဆိုတဲ့ အသိနဲ့ တင်
လောကကြီးကို ခါးစောင်းတင်
ဆန့် ကျင်ခဲ့တဲ့ ငါ့ အတုမဲ့ ချစ်ခြင်း
ထို ခဏ အတွင်းမှာပဲ ရနံ့ ပြယ်တယ်
လေပြေက တာဝန်ကျေခဲ့တယ်
နင့်အသက်ရှု ပုံ က ခပ်ပါးပါးလေး လွဲနေတာ ၊၊   ၊၊

အလင်းတွေ မကြိုဆိုတော့မဲ့
ငါ့ မနက်တွေ အတွက်
ရာသီမှားရွာမိတဲ့
ငါ့ ရဲ့ မိုးကြောင့်လို့ သာ
ဆို ပါရစေတော့ . .
အယူခံ မ၀င်ပါနဲ့ တော့
ငါ့ အတွက် “ နင် ” ဆိုတဲ့ ပညတ်တစ်ခုနဲ့ တင်
ငါ နင့်ကို ခွင့်လွတ်တယ်
နင့် အတွက် ဆိုတဲ့ ခေါင်းစဉ် အောက်က
ဖြစ်တည်နေတဲ့ ငါ့ အသက်ရှုသံတွေ
ရှိ နေ သရွေ့ က တော့
ငါ့ ကိုယ် ငါ ဘယ်တော့မှ ဆွဲ မထူတော့ဘူး
ငါ့ နှလုံးသား တစ်ချက် ခုန်လိုက်တိုင်းပေါ့ ၊၊             ၊။

လမင်းဇော်
[email protected]

In: ကဗျာ Posted By: Date: Oct 27, 2011
Comment #1

စာသားတွေ ကို တော်တော်သဘောကျတယ် ဗျာ
ဘယ်လိုပဲ တွက်တွက် ငါ့အသိဟာ
၉၉ ပြားပဲ ရှိတယ်

Comment #2

he,,he,,
bar tway pay htar tone?
ti chin loh par naw.

commentinfo By: ei lay at Oct 27, 2011
Comment #3

နင့် ရင်ဘတ် ထဲက လမင်းတစ်စင်းဟာ
ငါ မဟုတ်ခဲ့ဘူး ဆိုတဲ့ အသိနဲ့ တင်
လောကကြီးကို ခါးစောင်းတင်
ဆန့် ကျင်ခဲ့တဲ့ ငါ့ အတုမဲ့ ချစ်ခြင်း
ထို ခဏ အတွင်းမှာပဲ ရနံ့ ပြယ်တယ်
လေပြေက တာဝန်ကျေခဲ့တယ်
နင့်အသက်ရှု ပုံ က ခပ်ပါးပါးလေး လွဲနေတာ ၊၊ ၊၊

အဲ့ဒီနေရာလေး…တော်တော်လေးကိုကြိုက်တယ်..ဗျာ။
တစ်ပုဒ်လုံးကောင်းတယ်….။

commentinfo By: terry at Oct 28, 2011
Comment #4

အားလုံး အားလုံး ကို ကျေးဇူးတင်ပါတယ် ဗျာ 🙂

commentinfo By: လမင်းဇော် at Oct 28, 2011
Comment #5

ငါ့ ဒိုင်ယာရီ က တရား တစ်ပုဒ်
ချစ်တတ်သူတို့ ရူးတတ်သည်တဲ့
ဒီလိုပဲ . . ငါ့ပြတင်း တံခါးက
အရုဏ်ဦးအလင်း မရောက်ခဲ့ဘူး
နက္ခဆိုးနဲ့ ယှဉ် တဲ့ ချစ်ခြင်း
သစ္စာတရား မှာ သက်တမ်း မပြည့်ခဲ့ဘူး
အချစ်ဦး ထက်ပိုတဲ့ ဘ၀ဦး အတွက်
ငါ ဒိုင်းနမိုက် တစ်ဆင်ဆာ
လည်ပင်းမှာ ဆွဲထားခဲ့ရတယ် ၊၊ ၊၊
အဲနားကိုပိုကြိုက်တယ်ဗျ။ တစ်ပုဒ်လုံး စာသားသုံးထားတာတွေ မိုက်တယ်။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment