Professional Authors

ဆပ်ကပ်

ကြိုးတန်းပေါ် လမ်းလျှောက်နေရတာပဲ

လက်ခုပ်သံတွေ ကြားရလို.သာ

ကိုယ်.ခြေလှမ်း ကိုယ်   ပြန် ချိုမြိန် နေမိတယ်

 

ကြည်.နေလို.ကို

သူတို.   မမြင်ခဲ.ကြဘူး

အပြုံး မျက်နှာဖုံး   နောက်ကွယ်က

ဇောချွေးတွေကို

 

နားထောင်နေလို.ကို

သူတို. မကြား ခဲ.ကြဘူး

နောက်ခံတီးလုံး   အောက်က

ယိုင်နဲ.နဲ. အသက်ရှူသံ တွေ  ကို

 

တစ်ခါ တစ်ခါ

ကြာပွတ်တွေ မီးကွင်းတွေ ကြားမှာ….

တစ်ခါ တစ်ခါ

ဖဲချပ်တွေ ပေါက်ဓားတွေ ကြားမှာ…..

တစ်ခါ တစ်ခါ

………………………………….

 

ကြိုးတန်းပေါ် လမ်းလျှောက်နေရတာပဲ

လက်ခုပ်သံတွေ ကြားရလို.သာ

ကိုယ်.ခြေလှမ်း ကိုယ်   ပြန် ချိုမြိန် နေမိတယ်….

In: ကဗျာ Posted By: Date: Jun 4, 2012
Comment #1

hote de naw,
1 khar 1 lay han saung p nay ya dar a yan khan sar ya de,
🙁

commentinfo By: ei lay at Jun 4, 2012
Comment #2

Read & feel again

commentinfo By: ei lay at Oct 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment