Professional Authors

“အချစ်” အကြောင်းပြောမယ် [ မေပျို ၊ RAY ]

ငါလေ
နေရောင်တွေရွှဲလို့
မိုးသားတွေဘေးမှာ
ခပ်လှလှငိုခဲ့ဖူးတယ်
ငါလေ
နှလုံးသွေးတွေပေါက်ထွက်မတတ်ချစ်ခဲ့ဖူးတယ်

အရိပ်ကို ပြန်လိုက်မိတဲ့
မုဆိုးဟာ ငါလား
ဒဏ်ရာကောက်ကြောင်းတွေနှင့်
ရေးခြစ်ထားတဲ့ နှလုံးသားကိုမှ
စတော့ရှယ်ယာ ကစားသူ
‘အချစ်’ဆိုတာ
သစ်ကိုင်းလွတ်တဲ့ ငှက်တစ်ကောင်ပေါ့

ငါလေ
အချစ်ဟာ ပင်လယ်တွေလို
တစ်ခါ တစ်ခါ ငိုရှိုက်တတ်မှန်းမသိခဲ့ဘူး
အချစ်ဟာ လေပြေတွေလို
တစ်ခါ တစ်ခါ တေးဆိုတတ်မှန်းမသိခဲ့ဘူး
အချစ်ဟာ မိုးစက်တွေလို
တစ်ခါ တစ်ခါ ရှောင်ပြေးတတ်မှန်းမသိခဲ့ဘူး

ကောင်းကင်မှာ အမုန်းစိတ်တွေယိမ်းက
အလှဆုံးကချေသည်ဟာ
နာကျည်းမှု အတ္တတွေဖြစ်မယ်
ဟန်နီ.   .
ဖျော့တော့တော့ သတိရစိတ်တွေက
ပြယ်လွင့် .. ငါဟာ
ချစ်ခြင်းကို အယုံအကြည်မဲ့တဲ့
အိန်ဂျယ် …….

အချစ် မှာ လရောင်တွေမရှိဘူး
အချစ် မှာ ပိတောက်တွေမပွင့်ဘူး
ငါကတော့ချစ်ချင်လာရင်
ကဗျာနဲ့အန်အန်ထုတ်လိုက်တယ်
တကယ်တော့
‘ အချစ် ‘ က လွမ်းရောင်သန်းနေတဲ့ သွေးဆာဓားတစ်ချောင်း
ဒီ အချစ် ကြောင့်
ငါ့နှလုံးသား… .
ကျောပြင်တွေသိမ့်သိမ့်တုန်အောင် ငိုနေပြီ
ငုံထားပေးရင်တောင်
ဘယ်တော့မှနွေး မလာ တော့ မယ့် နှလုံးသားမို့
ရင်. ..ခုန်…သံ.. .ဆိုတာ
ငါ့ရင်ခွင်တစ်ဝိုက်မှာအမြဲကင်းမဲ့နေမှာ   ။     ။

                                                           မေပျို ၊ Ray
2,4 by MAY PYO
1,3,5 by RAY

                                        

In: ကဗျာ Posted By: Date: Jul 5, 2013
Comment #1

မိုက်​စ့်​ပဲ​ဗျာ 🙂 အား​ပေးသွားပါတယ်​။
by the way မ Ray အသဲကွဲမိုးရဲ့ အက်​ ..သံမှာ
ကျ​နော်​ပြန်​လည်ေ​ဖြထားပါတယ်​ဗျာ။

commentinfo By: မာန်​ခက်​ဝင့်​ at Jul 5, 2013
Comment #2

နားထောင်နေပါတယ် ကွယ်

commentinfo By: shinelalin at Jul 5, 2013
Comment #3

မာန်ခက်ဝင့်ရေ ကျွန်တော့ကို ကဗျာရေးဖော်ရေးဖက် သူငယ်ချင်းတစ်ယောက်လိုခင်တယ်ဆိုရင် ကျွန်တော့နာမည်ကို မRay လို့ မခေါ်ပါနဲ့ နားထောင်ရတာဘယ်လိုမှအဆင်မပြေဘူး
ခင်ဗျားပြန်ဖြေထားတာ ဘာလဲတော့မသိဘူး ဒါပေမယ့် အက်.. သံ ကဗျာမှာ သွားဖတ်လိုက်ပါ့မယ် ~~

ဒီကဗျာလေးက ကျွန်တော်နဲ့ မမေပျို သူငယ်ချင်းနှစ်ယောက် အတူတူရေးဖြစ်တဲ့ ပထမဆုံးကဗျာလေးပါ အားပေးတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် ။ ။

With respect,
RAY

commentinfo By: X - ray at Jul 6, 2013
Comment #4

စုံ နဲ့  မ 😛

အားပေးသွားပါတယ် ဗျို့  ….

commentinfo By: loafer at Jul 7, 2013
Comment #5

ကဗျာလေးကို အားပေးသွားတဲ့ ညီလေး Loafer ကျေးဇူးပါဗျာ ~~

With respect,
RAY

commentinfo By: X - ray at Jul 7, 2013
Comment #6

အရမ်း​ကောင်းတဲ့ ကဗျာ ​လေးပါ

commentinfo By: Tway at Jul 8, 2013
Comment #7

ွှအရမ်းကောင်းတယ်ဗျာ။ကိုယ်ကိုကိုတောင် အားငယ်မိတယ်။

commentinfo By: soewaihin at Jul 8, 2013
Comment #8

ကဗျာကို အားပေးသွားကြတဲ့ Tway နဲ့ soewaihin ကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
ကိုsoewaihin ရေ အားမငယ်ပါနဲ့ဗျာ ကျွန်တော်တို့လည်း ဝါသနာအရ ကဗျာရေးနေကြတာပါ Professional မဟုတ်ပါဘူး ~~

With respect,
RAY

commentinfo By: X - ray at Jul 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment