Professional Authors

ကာလသုံးပါး အပိုင်းအခြား

အတိတ်က အတိတ်ပဲ..
ခြေရာတွေ မကျန်ခဲ့လေတော့
နင်စေလိုရာစေပေါ့…

သစ္စာတရား အလကားပဲ
နာကျည်းချက်တွေ မမြင်လေတော့
နင်ခွင့်လွှတ်တယ် ထင်နေမှာပေါ့

အချစ်စစ်မှန် သည်းခံလည်းပဲ
ငါ့နှလုံးသား နင်မထင်တော့
ခွဲခွာရက်တယ် ဖြစ်လာပီပေါ့

ပစ္စုပ္ပန် က မှန်သော်ငြားလဲ
နင်ရွေးချယ်တာ ငါမဟုတ်တော့
အနာဂတ်လမ်းလဲ မှားပီပေါ့

တစ်ယောက်ထဲမြဲ အထီးကျန်လည်းပဲ
နင်ပျော်နိုင်တာ သိနေရတော့
ငါလျှောက်တဲ့လမ်း မှန်သည်ပေါ့

ဥပက္ခောတရား ရှိသော်ငြားလဲ
မပြုနိုင်တဲ့ ငါ့အတွက်တော့
ဖြေရခက်တဲ့ ဝေဒနာပေါ့

မင်းမချစ်လဲ ဆက်ချစ်နေမြဲ
အမုန်းဆိုတာ ငါအတွက်တော့
ထိုလောက်မများ ခက်ပီပေါ့

ချစ်လဲချစ်နေမိပါ၏ မုန်းလဲ မုန်းချင်မိပါ၏
မချစ်နိုင်မမုန်းနိုင် ဒီဘ၀ကိုလဲ
မင်းကို ခံစားသိစေချင်မိပါသည်

ယုံကြည်စိတ်ကြောင့် စောင့်စားနေလဲ
ဝေးခဲ့ရသော တစ်ချိန်ဆီသို့
ရည်ရော်မှန်းလျက် တမ်းတ မိပါ၏

အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါး
အထားအသိုမှားလျက် လမ်းပျောက်နေရင်း သူမနှင့်
ဆုံခဲ့မိပါ၏……..

တစ်ဖန်ပြန်လည်လာသောအခါ……………..

Written By [email protected]

presented by linn

In: ကဗျာ,Others Posted By: Date: Oct 30, 2012
Comment #1

phat shu arr pay twar par de

commentinfo By: ei lay at Oct 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment