Professional Authors

ခေတ်အလန်းလေး

 

ခေတ်ကာလကို ကြည့်ပြီ မင်းဘာလုပ်မှာလဲ ပြောပါ

အလန်းလေးတွေ ထိုင်ကြည့်ယုံနဲ့ မင်းဘဝပြည့်စုံမှာလား ပြောပါ

အတန်းစုံက ပျိုမေတွေကို ကြည့်ပြီ ဆန်းထုတ်မှာလား ပြောပါ

ဟင့်….သွားပါ မလာနဲ့ တို့ချစ်တာတော့ သိပါ

ငါ့နှလုံးသားက အလန်းလေးတွေကို ချစ်တေးဆိုတာလည်း သိပါ

ညဘက်ရောက်တော့ အထီးကျန်တာလည်း မင်းမသိပါ

ဒီမှာ မင်းနဲ့ တွေ့ဆုံလိုက်တိုင်းလည်း ငါရင်ထဲ

တုန်လှုပ်ချောက်ချားဆဲ ချစ်သူရယ်..။

 

ပျော်ရွှင်စရာတွေ ဆွေးမြေးစရာတွေ အတန်းစုံတဲ့

ဒီလောကထဲမှာ မင်းနဲ့ငါတို့ ကြည်နူးခဲ့တာလည်း အသိပါ

လမ်းခွဲဖို့ မရည်ရွယ်သော်လည်း ဝေးခဲ့တာလည်း ရှိမှာ

ဒီမှာ မင်းနဲ့ငါတို့ ချစ်ခြင်းတွေကို ပြောတဲ့အခါလည်း နစ်နာ

ရှိပါစေ ရှိပါစေ အတိက်ဝဋ်ကြွေးတွေကို တို့ဆပ်ခဲ့တာလို့ မှတ်ပါ

ငါရင်ထဲ နောက်ထက်မလိုချင်တော့တာ မင်းနားလည်ပေးပါ

ငါချစ်ခြင်းများ အခုထိတော့လည်း…

ငါ  မင်းကို နှုတ်ဆက် လွမ်းဆွတ်နေပြီ ချစ်သူလေး..။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 20, 2011
Comment #1

ငါချစ်ခြင်းများ အခုထိတော့လည်း…

ငါ မင်းကို နှုတ်ဆက် လွမ်းဆွတ်နေပြီ ချစ်သူလေး..။
လုလင် အားပေးသွားသည်

Comment #2

ခေတ်အလန်းလေးကို X – ray လာရိုက်သွားပါသည် ။ အရေးအသား ဆန်း၏ ။

commentinfo By: X - ray at Oct 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment