Professional Authors

နေရာဟောင်း က ….လူ

မင်းနဲ့ ချစ်ခဲ့တဲ့လေးနှစ်ဆိုတဲ့

အတိုင်းအတာက လမ်းခွဲရအောင်လို့ ပြောဖို့ လား

မင်းအခုလိုပြောလာလိမ့်မယ်လို့  ဘယ်တုန်းကမှ

မတွေးထားမိဘူး

တကယ်တော့ နှစ်ယောက်သားချစ်တဲ့ဘဝမှာ

တစ်ဦးဦးက မုန်းဖို့ ကြိုးစားပြီဆိုရင်

နောက်တစ်ဦးက ခံစားရုံသက်သက်ပါ

မင်းမုန်းမှတော့ မလွမ်းရဲရင် ငါမင်းကို စမချစ်ခဲ့ပါဘူး

ငါ့အပြစ်က ဘာမှန်းမသိဘဲ လမ်းခွဲစကားပြောသွားတဲ့သူရယ်

မင်းဝင်ခိုလှုံသွားတဲ့ ရင်ခွင်ကို ငါ သင်ခန်းစာသော့ခတ်လိုက်ပါတော့မယ်

မင်းလည်းတစ်ပါးရင်ခွင်မှာပျော်သလိုနေပါ

အကယ်ရ်ျများ မင်းမပျော်ရင် နေရာဟောင်း လေးကို တစ်စေ့တစ်စောင်းလေး

ပြန်ငဲ့ကြည့်နိုင်ပါတယ်

In: ကဗျာ Posted By: Date: May 23, 2011
Comment #1

မင်းလည်းတစ်ပါးရင်ခွင်မှာပျော်သလိုနေပါ

အကယ်ရ်ျများ မင်းမပျော်ရင် နေရာဟောင်း လေးကို တစ်စေ့တစ်စောင်းလေး

ပြန်ငဲ့ကြည့်နိုင်ပါတယ်
…………………….
ထိရှိစေသော စကားလုံးများ

commentinfo By: အသဲကွဲ မိုး at Apr 20, 2012
Comment #2

😛
😛
😛

commentinfo By: ei lay at Aug 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment