Professional Authors

သစ္စာ

ဝသုန္ဒြရေ
ဤမြေပံသု သစ္စာပြု၍
တစ်ခုစကား မှာကြားနိုင်သော် …. ….

ငါနော် ချစ်သား မိမြေပါးမှ
ရွေ့လျားထွက်ခွါ ခွဲခဲ့ပါလည်း
သမိုင်း လူမျိုး တိုင်းပြည်ကျိုးကို
တစ်ရက်မမေ့ လက်မရွေ့ဘု …. …

အရေးရာရောက် ချိန်ခါထောက်က
မဖောက်မပြား အသိပွါး၍
အမိမြေဆီ ပြေးခဲ့မည် …. ….

ငါ၏သွေးသံ သစ္စာမှန်သော်
ငါ့ကိုယ်ခန္ဓာ ခေါင်းချရာသည်
ငါ့နိုင်ငံသာ ဖြစ်ပါစေ…. …. …. ….

In: ကဗျာ Posted By: Date: Sep 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment