Professional Authors

ရင် ခုန် သံ တေး သွား

ရင် ခုန် သံ တေး သွား

 

ဘာ မှန်း လဲ မ သိ

ဘာ မှ လဲ မ ရှိ တဲ့

အဲ့ ဒီ အ ရာ ကြီး ကို ပဲ

အ လွမ်း လို့ ခေါင်း စဉ် တပ်

တ ခမ်း တ နား

ပျော် ဝင် နေ ပုံ များ

အိပ် မက် တွေ တောင်

အ တောင် ပေါက်

ပျံ သန်း ကုန် ပြီ

 

တစ် နေ့ တစ် နေ့

ဒါ နဲ့ ပဲ

မွေး ဖွား ရ၊

ဒါ နဲ့ ပဲ

သေ ဆုံး ရ နဲ့

နေ ဝင် နေ ထွက် ကို က

ရှုပ် လွန်း တယ်

 

ရင် ခုန် သံ ကို

တေး သွား တစ် ပုဒ် လို

ဖွင့် ပြ ထား တာ တောင်

လိုက် မ က ချင် မှ တော့

ဒီ တော အုပ် က အ ပင် တွေ

မ ရှင် သန် နိုင် တာ

က ဗျာ ဖွဲ့ မ နေ တော့ ဘူး

 

တစ် ခု ပဲ

လေ ဝင် လေ ထွက် ကောင်း ဖို့

ဦး နှောက် တွေ ဟင်း လင်း ဖွင့်

ထား ဖို့ တော့ လို မယ်

 

နတ် သ မီး

In: ကဗျာ Posted By: Date: Oct 12, 2011
Comment #1

ကောင်းလိုက်ချည်းလား ငါ့အမရ။
ရေးထားတာတွေလန်းတယ်။
ကောင်းတယ် အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 12, 2011
Comment #2

ကဗျာက ရှင်းရှင်းလေးနဲ့ စကားလုံးသုံးထားတွေက တော်တော်မိုက်တယ်
ဖတ်သွားတယ် အားပေးတယ်ဗျာ။

commentinfo By: X - ray at Oct 12, 2011
Comment #3

ကဗျာလေးက ကောင်းတယ်ဗျာ … စကားလုံးလေးတွေ လည်း လှတယ် လုလင် အားပေးသွားတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment