Professional Authors

တို့ ဝေးပြီး တဲ့နောက်

ဒီရာသီ နဲ့ ဒီအပင်
မကိုက် မှတော့
ဒီအပင်ကို ခုတ်
ငါ သိမ်းနှုတ် လိုက် ပြီ
နောက် တစ်ခါ ဒီအပင် မပေါက်ဖို့
ဒီမျိုးစေ့ ကို ငါ မကြဲ ဖြစ် တော့ ဘူး
တစ်ချိန် ကတော့
ဒီအပင် အတွက်
ပွင့် လာမယ့် ဒီပန်း ..
ရင် ခုန် စွာ နဲ့ မှန်းဆ တမ်းတ မိခဲ့တယ် ။

အလင်းရောင် ကို မလို
အပြာရောင် ကို မလို
ညိုမှောင် တဲ့
နင့် ကောင်းကင်မှာ
တကယ်တော့ …
ကြယ်လေ လ တွေ မပွင့်တာ ဘာ ဆန်း လဲ
နင်နေ တဲ့ နင့် ကမ္ဘာမှာ …….ပြိုချင် ပြို ..ယိုချင် ယို
နင်ပျော် သလို သာ နေ ပေတော့
နင် မငို စေ ဖို့ အရေးကြီးတယ်

ကဗျာတွေ နဲ့ အနိုင်ယူ
စာတွေ နဲ့ အနိုင်ယူ
သီချင်း တွေ နဲ့ ကာဗာ ယူ
ငါ့ ရင် ကို နင် တူး ဆွ ..
နင် လို သမျှ ယူ သွား … ပြီးနောက်
ငါရင် မှာ ဟာလာ ဟင်းလင်း
အကြွင်း အကျန်လေး တောင် မရှိမှ ….
ငိုချင်းလေး နင် တီးတိုးရေ ရွတ်
ဇာတ်သိမ်း လှလှ လေး နဲ့
နင် က ပြ တတ် တယ် …။

နောက်ဆုံးတော့
ချွေ လို့ ပဲ ကြွေ ကြွေ
ကြွေ လို့ ပဲ ကြွေကြွေ
ဒီ သစ် ပင် နဲ့ ဝေး ခဲ့ ရ တာ ပါ ပဲ …………..

In: ကဗျာ Posted By: Date: Apr 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment