Professional Authors

အရုဏ်ဖျောက်တဲ့ည

လေ ရူး တွေ နဲ့ မှောင် မိုက်

ဒု က္ခ တွေ အ တောင် ပံ ခတ် နေ တဲ့ ည တစ် ည မှာ

စူး ရှ ရှ ပု ရစ် သံ တွေ ကြောင့်

ရင် ခုန် သံ တွေ တေး ဆို ပါ တယ်

ခံ စား ချက် အ ဟုန် က

သန်း ခေါင် ယံ မှာ

မ ဟူ ရာ ရှာ သ လို

ဘယ် က မှန်း မ သိ

ဘယ် ကို မှန်း မ သိ

ရိုက် ခတ် လို့

ဒီ ရင် ဘတ် တစ် ပြင် လည်း

အန် ချင် ပါ တယ်

တိမ် စိုင် တွေ တော့ အိပ် တန်း တက် ကုန် ပြီ

လ မင်း ကြီး လည်း နိုး လာ ပြီ

ငါ လည်း. . .
 
အ တွေး တွေ ခေါင် ခိုက်

ပ လုံ စီ နေ အောင် အန် ချ လိုက် ပြီ ~ ~

အ တွေး တွေ ပ လုံ စီ တော့

စ ကား လုံး တွေ က ဆာ ~ ~

စ ကား လုံး တွေ ဆာ တော့ 

ဒီ ရင် ဘတ် က ဟာ ~ ~

ဒါ နဲ့. . …

က ဗျာ တစ် ပုဒ် မျို ချ လိုက် တယ်

အ ရုဏ် တွေ ခြေ ရာ ဖျောက် တဲ့ ည မှာ ပေါ့  ။  ။

                                                                 Ray

19th October,2011
02:00 am

In: ကဗျာ Posted By: Date: Nov 13, 2011
Comment #1

ကောင်းတယ်ဗျာ
က ဗျာ တစ် ပုဒ် မျို ချ လိုက် တယ်

အ ရုဏ် တွေ ခြေ ရာ ဖျောက် တဲ့ ည မှာ ပေါ့ ။ ။
လုလင် အားပေးသွားပါတယ်

Comment #2

ကောင်းတယ်အကို အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 14, 2011
Comment #3

ကောင်းတယ်ဗျာ။အားပေးသွားပါတယ်။

commentinfo By: yelaylover2010 at Nov 14, 2011
Comment #4

စ ကား လုံး တွေ ဆာ တော့ 

ဒီ ရင် ဘတ် က ဟာ ~ ~

ဒါ နဲ့. . …

က ဗျာ တစ် ပုဒ် မျို ချ လိုက် တယ်

အ ရုဏ် တွေ ခြေ ရာ ဖျောက် တဲ့ ည မှာ ပေါ့ ။ ။

commentinfo By: May Kha at Nov 14, 2011
Comment #5

ဖတ်သွား အားပေးသွားတဲ့ ကိုလုလင် ၊ ကိုရဲမင်း ၊ yelaylover2010 ၊ မမေခ တို့အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် နောင်လည်း ကျွန်တော့ကဗျာလေးတွေ လိုတာရှိရင် ဝေဖန်ပေးပါ အားလုံးကျေးဇူးပါ ။

commentinfo By: X - ray at Nov 14, 2011
Comment #6

ကောင်းတယ်ဗျာ ကဗျာဖတ်ပီး စိတ်ညစ်ညူးမှုတွေကို အန်ချပစ်လိုက်ပီ
ကောင်းတယ်ရေးရေ အဆုံးသတ်ကလှတယ် အားပေးနေတယ်ဗျို့

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Nov 15, 2011
Comment #7

အားပေးတဲ့အတွက် ကျေးဇူပါ အစ်ကိုမြတ်သူ နောင်လည်း ကျွန်တော့ကဗျာလေးတွေ လိုတာရှိရင်ဝေဖန်ပေးပါ အားလုံးရဲ့ဝေဖန်မှုတွေကိုတန်ဖိုးထားလျှက်ပါ ။

commentinfo By: X - ray at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment