Professional Authors

တစ်..နေ့…သော….နိုဝင်ဘာ

ဒဏ် ရာ ရ ထား ကြီး စီး လို့ ဝ ပါ ပြီ
အ မုန်း ကို စီး ခဲ့ ပြီး ပြီ
မုန်း လွန်း လို့ ဒီ ရ ထား ရုပ် တောင် မ မြင် ချင် တော့ ဘူး
အဲ့ ဒီ နေ့ က
……………………………………………………………..
ကျွန် တော့ လက် မှာ သွေး တွေ နဲ့
အ မေ့ မျက် ဝန်း မှာ လည်း မျက် ရည် တွေ နဲ့
…………………………………………….
သေ တောင် မ မေ့ ဘူး  အမေ
မမေ့နိုင်ဘူး  အဲ့ ဒီ နေ့ ကို
ဒီ ကျောင်း အ ပျော် တက် ခဲ့ တာ မ ဟုတ် ဘူး
ဒါ ပေ မယ့် သူ တို့ တွေ က တော့
အ ပျော် သ ဘော နဲ့ အ သက် တွေ ကို တက် နင်း ခဲ့ တယ်
တ ကယ် တော့
အဲ့ ဒီ နေ့ မှာ
သူ တို့ ဟာ
သွေး ဆာ နေ တဲ့ လူ သတ် သ မား လို
က လေး ဆာ နေ တဲ့ စုန်း လို
ရင် ဘတ် မှာ ဆူး တွေ အ ထပ် ထပ် ပွင့် ခဲ့ ကြ တယ်
အဲ့ ဒီ နေ့ မှာ ဘဲ
အ ဖြူ ရောင် နှ လုံး သား တစ် စု
အ ဖြူ ရောင် မျက် ရည် တွေ ထိုး လို့
ပက် ပက် စက် စက် ကွဲ ကြေ ခဲ့ ရ တယ်
အဲ့ ဒီ နေ့ မှာ
———————————————
———————————————
ကျွန်တော်
နှ လုံး ခုန် နေ ခဲ့ တာ မုန်း တယ် ။ ။ ။

                                                   Ray
10th March, 2012.
16:30

In: ကဗျာ Posted By: Date: Mar 12, 2012
Comment #1

like this poem xo much
same feeing

commentinfo By: athaekwelmoe at Mar 12, 2012
Comment #2

လက်ဆွဲနှုတ်ဆက်လိုက်တယ်
ဦးညွှတ်လိုက်တယ်

ယုံကြည်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Mar 12, 2012
Comment #3

ကျွန်တော်ပါပဲဗျာ…ထပ်အားပေးသွားပါတယ်
အဲ့ ဒီ နေ့ မှာ ဘဲ
အ ဖြူ ရောင် နှ လုံး သား တစ် စု
အ ဖြူ ရောင် မျက် ရည် တွေ ထိုး လို့
ပက် ပက် စက် စက် ကွဲ ကြေ ခဲ့ ရ တယ်
အဲ့ ဒီ နေ့ မှာ
———————————————
———————————————
ကျွန်တော်
နှ လုံး ခုန် နေ ခဲ့ တာ မုန်း တယ် ။ ။ ။

commentinfo By: အသဲကွဲမိုး at Mar 12, 2012
Comment #4

… အဲဒီနေ့၊ အဲဒီကျောင်း …

ဒီ ကျောင်း အ ပျော် တက် ခဲ့ တာ မ ဟုတ် ဘူး
ဒါ ပေ မယ့် သူ တို့ တွေ က တော့
အ ပျော် သ ဘော နဲ့ အ သက် တွေ ကို တက် နင်း ခဲ့ တယ်
တ ကယ် တော့
အဲ့ ဒီ နေ့ မှာ
သူ တို့ ဟာ
သွေး ဆာ နေ တဲ့ လူ သတ် သ မား လို
က လေး ဆာ နေ တဲ့ စုန်း လို
ရင် ဘတ် မှာ ဆူး တွေ အ ထပ် ထပ် ပွင့် ခဲ့ ကြ တယ်

commentinfo By: kantkawmg at Mar 12, 2012
Comment #5

ကဗျာလေးကို ခံစားအားပေးသွားကြတဲ့ အစ်မတော်အသဲ ၊ ကိုသျှား ၊ ကိုကံ့ကော်မောင် တို့ကိုကျေးဇူးအများကြီးတင်ပါတယ် အမှန်အတိုင်းပြောရရင် ကျွန်တော်အဲ့ဒီနေ့မှာရူးမသွားတာကံကောင်းတယ်ပြောရမယ် သတင်းကောင်းကြားရလို့ပျော်လို့တောင်မဝသေးဘူး လုံးဝထင်မထားတဲ့သတင်းဆိုးကြီးတစ်ခုကြားလိုက်ရတယ် တော်တော်ကိုအထိနာတယ်ဗျာ အဲ့ဒါကြောင့်နာကျင်တာလေးတွေနည်းနည်းသက်သာသွားအောင် ဒီကဗျာလေးကိုရေးလိုက်တာပါ ကဗျာကစကားလုံးတွေက နည်းနည်းလေးပြင်းနေမယ်ထင်တယ် ကျွန်တော်လည်းနာနာကျင်ကျင်နဲ့ရေးထားရတာမို့ပါ ဒီကဗျာလေးကို နားလည်ပေးနိုင်ကြတဲ့ ညီအစ်ကိုမောင်နှမအားလုံး ကျေးဇူးပါဘဲဗျာ ။
With respect,
RAY

commentinfo By: X - ray at Mar 12, 2012
Comment #6

ရင်ဘတ်အောင့်တယ် ကဗျာဖတ်ပြီး
( အရေးအသားကိုလေးစားလျှက်ပါ )
ဒီကဗျာကို အရမ်းကြိုက်တယ်

commentinfo By: sharon myorr myor at Mar 13, 2012
Comment #7

arr pay twar par d,

commentinfo By: ei lay at Mar 14, 2012
Comment #8

ကိုx-ray…ခံစားအားပေးသွားပါတယ်..

commentinfo By: poem.poem28 at Mar 14, 2012
Comment #9

ကျွန်တော့် X-Ray လေးပျောက်နေပါတယ်..
သတိတရနဲ့မျှော်နေမိတယ်လို့ …မမိုး ..လာလွမ်းခန်းဖွင့်သွားပါတယ်…သတိရတယ်……
ဘယ်ရောက်..လို့…ဘယ်ပျောက်နေတာလည်းဗျာ
:'(

commentinfo By: အသဲကွဲမိုး at Apr 6, 2012
Comment #10

အခုတလော လူတွေ X-ray ခဏခဏရိုက်နေကြလို့ Ray တစ်ယောက်အလုပ်ရှုပ်နေတယ်ကြားတယ်ဗျ ( just kidding)
အစ်မတော်သတိရသလို ကျွန်တော်ကလည်းကျွန်တော်လေးစားရတဲ့အစ်မတော်ကိုသတိရပါတယ်ဗျ ရွာလေးက ရောင်းရင်းတွေရဲ့အရေးအသားအသစ်လေးတွေကိုလည်း ဖတ်ချင်မိတယ်ဗျ ဒါပေမယ့်လည်း လွန်ခဲ့တဲ့နှစ်လလောက်က နေ့တိုင်း အချိန်တိုင်းလိုလိုကိုစိတ်ထိခိုက်ခဲ့ရလို့ ရွာကိုမလာဖြစ်တာဗျ
ရွာမှာဘာနာမည်မှမရသေးတဲ့ သူတစ်ယောက်ကို အစ်မတော်မိုးမမေ့သေးတဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာတယ်ဗျာ သတိရတဲ့အတွက်လည်း ကျေးဇူးတင်သဗျ ။

With respect,
RAY

commentinfo By: X - ray at Jun 19, 2012
Comment #11

ဟုတ်ကဲ့ကျွန်တော်ဖတ်သွားပါတယ်…ဒီမောင်နှမတွေအချင်းချင်းကျေးဇူးမလိုပါဘူးဗျာ.

commentinfo By: အသဲကွဲမိုး at Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment