လက်ဆောင်
တစ်ကြိမ်သာဖြတ်သန်းခွင့်ရှိတဲ့ ဘ၀မျိုးကို ငါရောက်နေတယ်….
ရှူနေတဲ့လေထဲမှာ.. သံသယတွေပါနေတယ်…..
နင်းထားတဲ့မြေကြီးက.. စိုးရိမ်ရတယ်….
ဝတ်ထားတဲ့အနွေးထည်က မလုံ့တလုံ…….
သောက်နေကျဆေးက တစ်နေ့နှစ်မျိုး…..
ဘေးကအဖေါ်က..ငါ့အတွက် အားဆေးတခွက်….
တစ်ကြိမ်လဲတော့.. ငါ့ဟာငါ ပြန်ထခဲ့တယ်….
နှစ်ကြိမ်လဲရင်ရော.. ပြန်ထနှိုင်မလား..
ဘယ်သူထူလို့ထပါတော့နှိုင်…
ငါ့အဖေပြောဘူးတဲ့ပုံပြင်..ငါ.. ပြန်နားထောင်ချင်တယ်…
ငါ့အမေချက်ကျွေးတဲ့ ငပိချက်တခွက်နဲ့ အတို့အမြုံ့..
မနိုင်နိုင်အောင်ငြင်းပြီးကစားခဲ့ဘူးတဲ့ ငါ့မောင်နှမ….
ဆောင်းမနက်ချမ်းလျှင် လှုံဖူးတဲ့ ..မီးပုံလေး…..
စွာလို့အရိုက်ခံရတဲ့ ဆ၇ာမကြိမ်လုံး…..
ပြီးတော့…….
ပြောပြီးမေ့သွားတာကို မမေ့သေးတဲ့ စကားတခွန်း….
ဟန်ဆောင်တင်းထားပေမဲ့ကျလာတတ်တဲ့..ငါ့မျက်၇ည်….
ကြေကွဲစ၇ာကြုံလို့ ခဏခဏသောက်ရတဲ့ Cဒိုင်း…..
ကြေကွဲရက်နဲ့ ဟန်ဆောင်နေတတ်တဲ့ ..ငါ့မာန………
မနက်ဖြန်ဆိုတာကို ဘယ်တော့မှ ၀န်မလေးတတ်တဲ့..ငါ့သတိ...
စိတ်ကောက်ရင်လူတွေကိုခဏရှောင်နေတတ်တဲ့….ငါ့အကျင့်….
တစ်ခါတစ်ခါစိတ်ညစ်ရင်.. နားထောင်တတ်တဲ့.. စင်ဒီရဲ့”ပျော်နေမယ်ပြန်တွေးတိုင်း…”
ထွက်လာတဲ့ရင်ဘတ်ထဲကအရှုပ်တွေကိုချရေးတတ်တဲ့ ငါ့လက်နှစ်ဖက်…
တခစ်ခစ်အသံထွက်အောင်မရီတတ်တဲ့ ..ငါ့နှုတ်ခမ်း….
မငိုဘဲ မျက်ရည်ခဏခဏကြတတ်တဲ့… ငါ့မျက်လုံး….
စိတ်အနာသည်တွေကို စကားနဲ့တမျိုး ..စာနဲ့တဖုံ.. ဆေးတိုက်တတ်တဲ့..ငါ့ပညာ……
ကိုယ့်စိတ်အနာကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်နေတဲ့...ငါ…..….
နောက်တစ်ကြိမ်ဖြတ်သန်းခွင့်မရှိတဲ့မြို့လေးမှာ ဘယ်လောက်နေခွင့်ရတော့မလဲလို့…….
ငါ့ကိုငါ တစ်ခါကသတိပေးဖူးတယ်……
သေခြင်းတရားဆိုတာ အလင်းတန်းတစ်ခုဖြတ်သွားသလိုလား……
ငါသေကြည့်ဘူးတယ်..ကိုယ့်အသုဘကိုချကြည့်တယ်..လူစည်ရဲ့လားလို့….
ဘ၀ဆိုတဲ့ပြဇာတ်ကိုလည်းပြကွက်တွေတိုင်းစိတ်ပါပါ..ကခဲ့ဖူးတယ်……
ငိုလိုက်ရီ(ရယ်)လိုက်ပျော်မြူးလိုက်နဲ့…….
ငါဘာတွေလုပ်နေလဲ…ငါဘာတွေလုပ်ဖူးခဲ့လဲ…
ဘု၇ားသခင်ကတော့လူသားအားလုံးသတ္တ၀ါအားလုံးကိုကယ်နိုင်တယ်..
ငါဟာဘုရားတပည့်တော်မဘဲ…မည်သူတွေကိုကယ်နိုင်မည်လဲ
နှမ်းတစေ့လောက်ဖြစ်ဖြစ်ကယ်ချင်တယ်…..လူသားအဖေါ်တွေကို…..
တစ်ခါတစ်ရံ ငါ့ဘ၀ကိုတောင်မေ့ပြီးကယ်ချင်တယ်….
သူများဘ၀တွေပြောင်လက်အောင်…အရောင်တင်ပေးဖူးတယ်..
ငါ့ဘ၀ကိုရောပြောင်လက်နေချင်တယ်..……..
Comment #3
ကောင်းလိုက်တဲ့ အရေးအသား အရသာဘယ်နှစ်မျိုးတောင်ချပြထားလဲမသိဘူး တကယ်ကောင်းပါတယ် ကဗျာလေးက အားပေးသွားတယ် ။
By: X - ray at Oct 12, 2011
Comment #4
woe,,,,
thz so much.
same 2 u.
i felt like u when i was sick.
By: ei lay at Nov 3, 2011




Comment #1
င့ါအမ ခံစားချက်တွေကောင်းတယ်။ အားပေးသွားတယ်နော်။