Professional Authors

ချစ်သူ့လက်ဆောင်(၁) (သစ်စိမ်း)

ကျွန်တော်ရဲ့ ဒုတိယမြောက်ကျမ်းစာတစ်အုပ်ဖြစ်သလို
စိတ်ကူးနဲ့ထုတ်ပိုးထားတဲ့ ကဗျာတစ်ပုဒ်လည်းဖြစ်တယ်
ပလက်ဖောင်းဆန်တဲ့စာမျက်နှာထဲ
ဒီချစ်ခြင်းက ပြာလဲ့ခွင့်ရှိပါတယ်
မုန်တိုင်းတွေကို ပေါင်းမဖက်လိုက်ပါနဲ့
ငါ့……….နွေအကိုင်းတွေဟာ စိမ်းလန်းမှုရဲ့နံရိုးဖြစ်တယ်
ကျွန်တော်စိတ်ဗဟိုချက်တစ်ခုဖြစ်သလို
ပျံ့လွင့်ခြင်းအပေါင်းတို့ရဲ့ ဖြစ်တည်ရာလည်းဖြစ်တယ်
စကားလုံးတွေကို မှီခိုပြီး ပစ္စုပ္ပန်ပေါ်ခုန်ချတိုင်း
ငါ့တို့အရိုင်းအစိုင်းဖြစ်ချင်ဖြစ်ပါစေ
နတ်သမီးမြေမှာ ပွင့်ဖူးမယ့်ဂီတအတွက်
ဒီတစ်သက်ကမ်းကပ်ခွင့်တော့ ရချင်တယ်
ကျွန်တော်ရဲ့အက္ခရာသင်္ချာတစ်ပုဒ်ဖြစ်သလို
မှင်နီစွန်းခံတပ်တို့ရဲ့ ပြဋ္ဌာန်းချက်အသစ်လည်းဖြစ်တယ်
သုညတွေကို ဖျောက်ဖျက်ပစ်လိုက်ပြီး
ရင်ခုန်သံချင်း မြှောက်ကြည့်လိုက်တယ်
ချစ်ခြင်းနဲ့ယဉ်ပါးသွားတဲ့အခါ
ဓါးတွေဟာပန်းတွေဖြစ်လို့
မွှေး……..ပျံ့နေခဲ့တယ်

In: ကဗျာ Posted By: Date: Jun 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment