Professional Authors

လူသားဆန်ခြင်တယ်.

လူသားဆန်ခြင်တယ်….
လူသားဆန်ဆန်အချိန်တွေပေါကြွယ်ဝလို့နေ့တနေ့ကိုဖြတ်သန်းချင်တယ်.
လူသားဆန်ခြင်တယ်……
စားချိန်တန်စားလို့၊ အိပ်ချိန်တန်ငါအိပ်ချင်တယ်.
လူသားဆန်ခြင်တယ်…….
ကလောင်တံတစ်ချောင်းနဲ့ ချေမွခံနေ့ရက်အချို့ကို ကလောင်သွေးချင်တယ်.
လူသားဆန်ခြင်တယ်…….
ဂုဏ်၊ငွေ၊ပညာ၊ဓနတွေဘေးချိတ်လို့၊လူသားချင်းစာနာချင်တယ်.
လူသားဆန်ခြင်တယ်…….
ချစ်ချင်တိုင်းချစ်ပစ်လိုက်ချင်တယ်….မတူညီမှု့တွေအဆုံးထိလွှင့်ပစ်လိုက်ပြီး……..
လူသားဆန်ခြင်တယ်……
ခေတ်တွေဘယ်လိုပြောင်းပြောင်းပေါ့………

လူသားဆန်ခြင်တယ်….

လောကကြီးရဲ့အလှအပတရားတွေနဲ့လေသန့်သန့်ကိုတူတူစားသုံးရင်းနဲ့လေ………
ခုတော့ကွယ်………
အချိန်ဆိုတဲ့ကွန်ပြူတာခလုတ်နဲ့ဘက်ထရီအိုး charging သွင်းလို့
လေတုတွေမွှန်းထူနေတဲ့အခန်းကျဉ်းထဲ
တနေ့တာဖြတ်သန်းနေရတာ………ခုတော့ငါလေ
လူသားဆန်ခြင်တယ်…………

In: ကဗျာ Posted By: Date: Jul 29, 2013
Comment #1

လူသားဆန်ခြင်တယ်…….
ချစ်ချင်တိုင်းချစ်ပစ်လိုက်ချင်တယ်….မတူညီမှု့တွေအဆုံးထိလွှင့်ပစ်လိုက်ပြီး……..

ကိုယ့် ကိုကိုယ့် မလိမ်တဲ့တစ်နေ့ပေါ့……….ကိုယ့်ကိုကိုယ် အရိုးသားဆုံး ရင်ဆိုင်ရဲတဲ့တစ်နေ့ပေါ့

commentinfo By: nate thit at Sep 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment