Professional Authors

နေကြာပန်း

အိပ်မက်တွေရယ်
ငါ့ကိုအရောင်ချယ်ဖို့
ခဲ့တံတစ်ချောင်းလောက်
ဖန်ဆင်းပေးပါ
ငါ့ညတွေကို
အရောင်စုံလှပစေချင်တယ်
ငှက်ကလေးရေ
ငါ့အတွက်သီချင်းတစ်ပုဒ်လောက်
ဖန်ဆင်းပေးပါ
ငါ့မနက်ခင်းတွေကို
ပြည့်ပြည့်စုံစုံဖြတ်သန်းချင်တယ်
နေမင်းကြီးရေ
ငါ့ဘက်ကိုတစ်ချက်လောက့်
ငဲ့ကြည့်ပေးပါဦး
မင်းကိုပဲမျှော်လင့်ရင်း
ငေးနေရတဲ့ငါ့အဖြစ်ကို
သနားရင်ပေါ့………

In: ကဗျာ Posted By: Date: Aug 4, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment