Professional Authors

ငှက်ပျောသီး ကြိုက်တဲ့ လူတွေ

မျောက်က မျောက်
လူကလူ
မျောက်က
မျောက်ဖြစ်တာကို
ကျေနပ်ချင်ကျေနပ်မယ်
လူကတော့
လူဖြစ်နေရတာကို
ဘယ်တော့မှ မကျေနပ်ဘူး
မျောက်တွေက
ငှက်ပျောသီးတစ်ခုနဲ့
တင်းတိမ်လေရဲ့
လူကတော့ထိုသို့မဟုတ်
တစ်ဇလုံ နှစ်ဇလုံ
တစ်နေရာ နှစ်နေရာ
တစ်ခါစား မဝ
နှစ်ခါစားမဝ
မျောက်တွေက
သူတို့ အမွှေးကို
အကျီလုပ်ဝတ်တယ်
ငါတို့က
ဟန်ဆောင် အ၀တ်အထည်တွေနဲ့
ဘရန်းဒတ်တွေနဲ့
တစ်ချို့ ကဘေထုတ်တွေနဲ့
မျောက်တွေက
သူတို့ မျက်နှာသူတို့
ကျေနပ်တယ်
ငါတို့ က
ဟန်ဆောင်လေရဲ့
မျက်နှာဖုံးတွေကိုမှ
နှစ်သက်လေရဲ့
ကိုယ့်ဟာလည်းမဟုတ်ပေမယ့်
မျောက်တွေက
လွတ်လပ်တယ်
ဟိုချီဒီကူး
ဒီသွားဟိုလာ
လွတ်လပ်တယ်
ငါတို့ကတော့
ပိုညဏ်ကောင်းတယ်
ထိုကြောင့် ပိုတင်းကြပ်တယ်
လူတွေကို အပြောတွေ
စည်းကမ်းတွေ
ယဉ်ကျေးမှုတွေက
အနိုင်ယူလေရဲ့
တကယ်တမ်း
အဲ့ဒါတွေအားလုံးရဲ့
အနိုင် ရလဒ်တွေက
ပိုက်ဆံ ကြောင့် ဖြစ်တည်လာတာ
မျောက်တွေမှာ
ပိုက်ဆံ မရှိဘူး
ဒါကြောင့် သူတို့နေရာမလုဘူး
ဒါကြောင့် သူတို့ အတင်းမပြောဘူး
ဒါကြောင့် သူတို့ ဟာ စည်းကမ်းမရှိဘူး
ဒါကြောင့် သူတို့ဟာ မယဉ်ကျေးဘူး
ဒါကြောင့် သူတို့ဟာ လွတ်လပ်တယ်
ငါက လွတ်လွတ်လပ်လပ်နေချင်တယ်
ဒါပေမယ့် မျောက်လို့ပြောမှာ
ငါကြောက်လေရဲ့
ဒါကြောင့် ငါနေရာလုတယ်
ဒါကြောင့် ငါအတင်းပြောတယ်
ဒါကြောင့် ငါစည်းကမ်းရှိရတယ်
ဒါကြောင့် ငါယဉ်ကျေးရတယ်
ဒါကြောင့် ငါ ဟာ မျောက်နဲ့ကွာတယ်
ငါဟာ ငါ မျောက်မဟုတ်ဘူး
ဒါပေမယ့် သင်သိထားရမှာ
“လူဆိုတာ မျောက်ကဆင်းသက်လာတာတဲ့´´
ဒါကြောင့် လူတွေ ဟာ
တစ်ခါတစ်ရံ မှာ မျောက်ပြန်ဖြစ်သွားနိုင်တယ်
အဲ့ဒီမျောက်ဖြစ်သွားတဲ့ လူတွေကိုတော့
ငါတို့က တစ်ယဉ်တစ်ကျေးနဲ့
ခေါ်လိုက်တယ်
“အရူး´´ ……..တဲ့…….။

In: ကဗျာ Posted By: Date: Oct 10, 2011
Comment #1

he,,he,,
ha,,ha,,lol,,
hote pay e,,,
hman pay e,,

commentinfo By: ei lay at Jan 31, 2012
Comment #2

Yae yae le le kyike de.

commentinfo By: ei lay at Jan 26, 2013
Comment #3

It’s call monkey bizzzzz, monkey orientation, monkey globalization…..ha ha

commentinfo By: money Monkey at Dec 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment