Professional Authors

လူတွေကခက်တယ်

လူတွေကခက်တယ်
ရောရောနှောနှောနေပြန်တော့ပေါတယ်ထင်တယ်
ခပ်တည်တည်နေပြန်တော့ကြောတယ်ထင်တယ်။

လူတွေကခက်တယ်
အခါခါကူညီဖူးတာကိုအရေးမလုပ်ကြဘဲ
တခါမကူညီမိရင်တော့အတင်းတုတ်ချင်ကြတယ်။

လူတွေကခက်တယ်
မသိတာကိုလည်းသိသလိုပြောချင်သေးတယ်
သိတဲ့သူကပြောတော့လည်းလာမဖောနဲ့တဲ့။

လူတွေကခက်တယ်
ဝေဖန်ပါဆိုလို့ဝေဖန်တော့လည်း
ဆင်ခြေကန်တတ်ကြတယ်။

လူတွေကခက်တယ်
ကိုယ့်အမှားတော့မမြင်ဘဲ
သူများတော့ပြင်ချင်ကြတယ်။                   ။

In: ကဗျာ Posted By: Date: Sep 13, 2010
Comment #1

hote dd,,hman de,,,
ei lay le e lo khan sar phu de,

commentinfo By: ei lay at May 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment