Professional Authors

လူတွေပဲ မဟုတ်လား

သူငယ်ချင်း မင်းတို့ငါတို့တွေ
ဒီဇာတ်ခုံမှာ ရုန်းရင်းဆန်ခတ်
အတုကို အစစ်ထင်
ငါးမျိုးအင်နဲ့ ကျူးလွန်ကြတယ် (ငါးမျိုးအင်= ငါးပါးသီလ)
လူတွေပဲ မဟုတ်လား
သိသိကြီးပဲဟာ…..

သူငယ်ချင်းရေ
ငါတို့ ရင်ထဲ
စစ်မှန်ခြင်းတရားသိပါသော်လည်း
ရပ်ဝန်းတစ်ခု သီးသန့်ဖန်တီး
သက်ဦးဆံပိုင် ဘုရင်လုပ်
အုပ်ချုပ်ချင်ကြတယ်…
လူတွေပဲ မဟုတ်လား …..

သူငယ်ချင်းရေ . . .
လှမ်းလက်တွေများပီး
ကမ်းလက်တွေနည်းတယ်ဆိုတာ ….
အတ္တသရဖူဆောင်း
ငါ ခုံမင်ကြလို့ဆိုတာ
မင်းရော ငါရောသိတယ်….
ဒါပေမယ့်လဲလေ . . .
လူတွေပဲ မဟုတ်လား . .
သိကြတာပေါ့…

လူတွေပဲ …………….မဟုတ်လား ……………………….

(26-4-2011)
လိပ်ပြာ

Comment #1

ကိုလိပ်ပြာ… ကောင်းပါတယ်..

commentinfo By: genius.jinx28 at Apr 26, 2011
Comment #2

ကောင်းတယ် လိပ်ပြာ ,, အားပေးသွားတယ် ,,

commentinfo By: rabbit at Apr 26, 2011
Comment #3

ဟုတ်ပါတယ် လူတွေ ပါ လူတွေမှ ပုထုဇဉ် စစ် စစ် ကြီးတွေပါ
ကဗျာတွေ ပြန်ေ၇းမလို့လား ကိုလိပ်ပြာ အားပေးနေတယ်နော်။ ဆွဲထား ဆရာေ၇။

commentinfo By: မယ်မနော at Apr 27, 2011
Comment #4

ကျေးဇူးတင်ပါတယ် ရဲလေး၊ ယုန်လေးနဲ့ မယ်မနောရေ… ပျော်ရွှင်ပါစေနော်…
စိတ်ကူးပေါက်ရင်တော့ ကဗျာတွေ စာတွေ ရေးဖြစ်နေဦးမှာပါဗျာ…

Comment #5

ကောင်းပါတယ်။အကို။အားပေးတော်

commentinfo By: Village chat kyi at May 28, 2011
Comment #6

hote par de,,,
lu tway pe lay,,

commentinfo By: ei lay at May 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment