Professional Authors

ချစ်သူများကို နှုတ်ဆက်ခြင်း

အားလုံးကို နှုတ်ဆက်ပါတယ်
အဆိုးရှိလည်းပြေပါ
အငြိုးရှိလည်းကြေပါ။

ခွင့်လွှတ်ကြပါမပြောတော့ဘူး
ငါ့ဘ၀သာ အပျက်ခံမယ်
သူ.ဘ၀ဖျက်ဖို. မကြံခဲ့တာ
အားလုံးသိမှာပါ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လည်းမဖြစ်ချင်ပါဘူး
တစ်ခုပဲ
ငါ့ကိုချစ်၍ ငါချစ်သောမိန်းကလေးကိုရှာနေမိတာ
အခုတော့မဖြစ်နိုင်ခဲ့ပြီမို.
ငါ့ကိုချစ်၍ ငါချစ်သင့်သောမိန်းကလေးကိုပဲ
ငါဦးစားပေးခဲ့ပါတယ်။

ဒီကမ္ဘာကြီးမှာ ရွေးချယ်စရာများလွန်းလို.များ
ရွေးချယ်လို.မရခဲ့တာလား
အချစ်ဆိုတာကရော
ရွေးချယ်ရတာလား
နဖူးမှာ တို.မမြင်နိုင်တဲ့နာမည်တွေများရေးထိုးထားသလား
ငါလည်းမသိတော့ပါဘူးကွယ်။

တို.တွေပြန်ဆုံရင်
ငါ့ကိုပြုံးပြကြမှာလား
မျက်နှာတစ်ဘက်လှည့် တံတွေးထွေးမလား
ဘာဖြစ်ဖြစ်ပေါ့လေ
ငါ့မျက်နှာကို မေ့နိုင်ရင်အကောင်းဆုံးပေါ့။

သြော်…..
အဆိုးရှိလည်း ပြေပါစေ
အငြိုးရှိလည်း ကြေပါစေ။ ။

In: ကဗျာ Posted By: Date: Jul 23, 2010
Comment #1

ချစ်သူများကိုနှုက်ဆက်ခြင်းဆိုတော့..ချစ်သူတွေအများကြီးပဲပေါ့..
အားကျလိုက်တာ..(စတာ)..ကဗျာကောင်းလေးလာဖတ်သွားတယ်..။။။

commentinfo By: အမရာ at Jul 23, 2010
Comment #2

ကမ္ဘာကြီးမှာ ရွေးချယ်စရာက မများပါဘူးလေ….
ကိုယ်တွေရဲ့ ရွေးချယ်ချင်တဲ့ စိတ်ကတာ များနေတာပါရှင်…..

commentinfo By: မှုံရွှေရည် at Jul 31, 2010
Comment #3

ချစ်သူများကိုနှုက်ဆက်ခြင်းဆိုပေမယ့်.ကဗျာတွေကိုတော့နှုတ်မဆက်ပါနဲ့အုံးကိုမော်နီရေ
ကိုမော်နီရဲ့ကဗျာကောင်းလေးတွေဖတ်ချင်ပါသေးတယ်…

commentinfo By: နော်ဧရာဝတီ at Jul 31, 2010
Comment #4

မကြာခင်မှာနှုတ်ဆက်၇တော့မယ်ထင်ပါတယ်၊
ရင်ထဲမှာတော. ရေးနေမှာပါ

commentinfo By: mawni at Jul 31, 2010
Comment #5

အယ်..တကယ်လား(ချိတ်မတောင်းစရာပဲ)..း(

commentinfo By: နော်ဧရာဝတီ at Jul 31, 2010
Comment #6

Why???????????????
ဘာဖြစ်လို့လည်း ကိုမိုးညို……
အဲ့လိုတော့ မလုပ်ပါနဲ့ဗျ…..
အဲ့လို မနောက်ကောင်းဘူးနော်….း((

commentinfo By: မှုံရွှေရည် at Aug 1, 2010
Comment #7

အားတော့မယ်မထင်ဘူးလေ
ပီးတော့ ကဗျာလက်ကလည်းမကောင်းတော့ဘူး
ခံစားချက်တွေပျောက်နေသလိုပဲ
ဝမ်းစာ မပြည့်လို.နေမှာပါ

commentinfo By: mawni at Aug 2, 2010
Comment #8

အမလေးဗျာ….
လှပါတယ် ဆိုမှ ရေမချိုးရသေးဝူးဆိုသလိုပဲ….

ကဗျာတွေကောင်းလွန်းပါတယ် ဆိုမှ …
သူက ဝမ်းစာမပြည့်လို့ လက်ရာမကောင်းဘူးဆိုပဲ ကိုမိုးညို…..
ဘယ်သူပါလိမ့်…း)

အားပေးနေတဲ့သူတွေမှ အားမနာဗျာ…
အဲ့လို မအားဘူးတို့ ဘာတို့တော့ မပြောပါနဲ့….
အချိန်ဆိုတာ ယူတတ်ရင်ရပါတယ်ဗျာ….
မအားလို့ အားတဲ့ချိန်ကိုတာ စောင့်နေရင် လူတွေဟာ ဘယ်တော့မှအားမဲ့သူတွေမဟုတ်ဘူးဗျ….
ဒါနဲ့မရူပ်ရင် ဟိုဟာနဲ့ရူပ်…
အချိန်ပြည့်ရူပ်နေကျတာပါရှင်….
နှင်းဆီမှာ မနေ့ကမှ ကိုမိုးညို ကဗျာအားလုံးကို စိတ်ကျေနပ်စွာနဲ့ အားပေးပြီးသွားတာဗျ….
အသစ်တွေ မျှော်နေအုံးမှာနော်….
အဲ့လိုတော့ မလုပ်နဲ့…..း))

commentinfo By: မှုံရွှေရည် at Aug 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment