Professional Authors

ဖက်ရှင်မယ် (မင်းသုဝဏ်)

ဒီကဗျာမှာ ဆရာမင်းသုဝဏ်ဟာ ‘အန္တီကြီး’လို့ တမင် လှောင်ပြောင်ရေးထားသလား မသိ။ ကျွန်တော့အတွက်တော့ အဲဒီ အရေးအသားလေးကပဲ ပို ရီချင်စရာ ကောင်းသွားစေပါတယ်။

အန်ကယ်ကြီးရဲ့ ချစ်ဇနီး
ဝမ်းဆက် ဝတ်တဲ့ အန္တီကြီး။ ။

မြေးကြီးကိုလည်း ဝမ်းဆက် ဆင်
သူတို့ ကြိုက်တဲ့ ခေတ်ဖက်ရှင်။ ။

လက်တွင် အိတ်က အပျံစား
နှုတ်ခမ်းမွှေးတွေ တဖွားဖွား။ ။

ထည့်ထားတာက နီ ညို ပြာ
လက်သည်း ဆိုးတဲ့ ရောင်စုံပါ။ ။

ဘယ် ညာ ခြေဆစ်တွေမှာက
ရွှေခြေချင်းတွေ တောက်တောက်ပ။ ။

ခြေချင်းအောက်က နောက်ပိတ်ရှူး
လမ်းလျှောက်တဲ့ခါ တလူးလူး။ ။

နဖူးကစ ခြေအထိ
မိုက်တာကဖြင့် အကုန်ပြည့်။ ။

ကြည့်ကြ မြင်ကြ လူပုံလယ်
ရပ်သူ ရွာသား သူ့နောက်ကွယ်။ ။

ရယ်ကြ ပြုံးကြ ပျော်တပါး
လက်ဝါးအုပ်လို့ တဟားဟား။

ဖက်ရှင်မယ်ကြီး အခန့်စား။ ။
(၂၅၊ ၉၊ ၁၉၉၄)

In: ကဗျာ,မင်းသုဝဏ် Posted By: Date: Oct 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment