Follow us on Facebook Follow us on Twitter Subscribe RSS Feed
Recent Comments
Professional Authors
ဗြောသံ (မင်းသုဝဏ်)
ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ နှုတ်တိုက်ရွတ်ခဲ့ရတဲ့  ဆရာမင်းသုဝဏ်ရဲ့ “ဗြောသံ” ဆိုတဲ့ ကဗျာပါ။
နှုတ်တိုက်ရွတ်ခဲ့ရပြီးတော့ ဆရာမက စကားပြေပြန်ပြတာ မှတ်မိနေပါသေးတယ်။
အလွတ်မရကြရင်တောင် ပြန်သတိရလိမ့်မယ် ထင်ပါတယ်။
ကျွန်တော့် အသိတယောက်က ဗလာစာအုပ်တအုပ်မှာ မင်းသုဝဏ်ရဲ့ ကဗျာတွေ ကူးရေးထားတာ။
အဲဒီစာအုပ်မှာ သူရေးထားတဲ့ သတ်ပုံအတိုင်းပါပဲ။
ပလုပ် ဗြုန်းရယ်နဲ့
သာသနာ ဝါဝါလန်း ရန်တဲ့
ဆယ်စင်းလဲမက
ထီးတန်းကြီး လှပါဘိ-
“တလတာ သည်အရေးကိုလှ
လွမ်းခိုက် မတည်။ ။
စိုစွတ်တဲ့ မြမျက်ရည်
လည်တယ်လို့ မဆုံး။ ။
-ဗြုန်းနိုင်ပေ့ ကိုရွှေစည်
“လှောင်ချက်ကယ် နာ
သာသနာ ဝါဝါဝတ်မှာမို့
မယ်လွတ်ရာ ဘယ်ဆီ ခိုရပ
သျှောင်ကြီးရှင် ဆံပင်တင်းပြီကွဲ့
ညှဉ်းတဲ့ တုတ်ဗြုန်း။ ။
(၂၃၊ ၃၊ ၁၉၃၄)
(ဂန္ထလောက၊ ကဆုန်၊ ၁၂၉၆)
In: ကဗျာ,မင်းသုဝဏ် Posted By: Date: Mar 22, 2011
Comment #1
စိုစွတ်တဲ့ မြမျက်ရည်
လည်တယ်လို့ မဆုံး။ ။
ကောင်းလိုက်တာလဲ ပြောလို့မဆုံး…။
commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011
Comment #2
GooD
commentinfo By: Maung Nway at Jan 25, 2014
Comment #3
ငယ်ငယ်သင်ခဲ့ဘူးတယ်နားမလည်ခဲ့ဘူးအခုတော့
ကဗျာလေးကိုအရမ်းချစ်တယ်
commentinfo By: tunmyintsoe at Jan 27, 2014
Comment #4
ဗျောသံ
ပလုပ် ဗြုန်းရယ်နဲ့ တောင်ကုန်းရွာ သာစခန်းဆီက
ဒေါ်ရွှေမေ ဦးရေချမ်း ငယ်တို့
သာသနာ ဝါဝါလန်း ရန်တဲ့
ဆန်းလိုက်တဲ့ ဗြောသံစည်။ ။
-အလို၊ နေခြည်မှာ ရွှေရည်ဝင်းလို့
ဆယ်စင်းလဲမက၊
အဝေးက မှန်း၊ ဟိုရွာလမ်း
ထီးတန်းကြီး လှပါဘိ-
“တလတာ သည်အရေးကိုလှ
မဟဝါ ကြည်ကြည် ပေးပါ” တဲ့
ရတုချို စိတ်ကို သွေးလေတော့
မလေးမောင် ရွှေရောင်ငိုက်တဲ့ပြင်
မြင်းကဏ်ပင် ငြင်းဆန်မိုက်လေပေါ့
လွမ်းခိုက် မတည်။ ။
-မကြည်တဲ့နှလုံး၊ မပြုံးတဲ့မျက်နှာ
မြင်းပေါ်က မောင်ရင်လောင်း
ငဲ့စောင်းလို့ ကြည့်သောခါ-
ကညာလုံ ကြာမုံညွတ်ဟာဖြင့်
ယမ်းယောင်ကာ (ကွမ်းတောင်) လွတ်တဲ့ပြင်
“မတွယ်တာ ဆယ်ခါ လွှတ်မယ်” တဲ့
ဒေါချိုချို ပြောဆိုရွတ်လေပေါ့
စိုစွတ်တဲ့ မြမျက်ရည်
လည်တယ်လို့ မဆုံး။ ။
-ဗြုံးနိုင်ပေ့ ကိုရွှေစည်
တီနိုင်ပေ့ ကိုရွှေနှဲ
ရွှဲနိုင်ပေ့ ကိုရွှေမောင်
လုံမငယ် အရှက်အိုးမို့
အငြိုးနဲ့ ပြောင်ရော့ထင့်-
“လှောင်ချက်ကယ် နာ
မောင်မျက်နှာ တရွာမှတ်ပေမဲ့
သာသနာ ဝါဝါဝတ်မှာမို့
မယ်လွတ်ရာ ဘယ်ဆီ ခိုရပ
တလဆို ရက်ကိုချဉ်းပါဖျ”
ဘွာခတ်ကာ ခမျာ ငြင်းလေတော့
ရောင်ကြီးရှင် ဆံပင်တင်းပြီကွဲ့
ညှဉ်းတဲ့ တုတ်ဗြုံး။ ။
(၂၃၊ ၃၊ ၁၉၃၄) (ဂန္ထလောက၊ ကဆုန်၊ ၁၂၉၆) (PoemsCorner) တင်ထားတာထဲက ပြင်စရာနည်းနည်းကို ပြင်လိုက်ပါတယ်။ ရောင်၊ ဗြော၊ ဗြုံး၊။
commentinfo By: [email protected] at May 2, 2023
Leave Comments
Name*
Email*
Website
Email me whenever there is new comment