Professional Authors

နွေခံစားမှု

အာခေါင်တွေ ခြောက်ကပ်
မွတ်သိမ့်နေတဲ့
နှုတ်ခမ်းတစ်စုံ
သွေ့ခြောက်နေတယ်
ကွဲအက် ခြောက်သွေ့နေတဲ့
နှုတ်ခမ်း
လျှာဖြင့်သပ်ရင်း
တံတွေးစက်တို့
အကြိမ်ကြမ် မြိုချမိ
ကိုယ့်အရေပြားက ဖောက်ထွက်လာတဲ့
ချွေးစက်တွေနဲ့ အင်အားတွေကို
နေလုံးကြီးက စုပ်ယူရင်း
ဒီကန္တာရမှာ
ကိုယ့်ခြေလှမ်းတွေ
လေးကန်နေပြီ
အာခေါင်တစ်ခုလုံးလည်း ခြောက်ကပ်သွားပြီ
တံတွေးစက်တို့လည်း ခမ်းသွားပြီ
ခန္ဓာတစ်ခုလုံးလည်း ယိမ်းယိုင်နေပြီ
ရေပေးကြပါ………….
ရေပေးကြပါ………..
ရေပေးကြပါ…..
ရေပေးကြပါ…..
In: ကဗျာ Posted By: Date: Nov 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment