Professional Authors

အိပ်မက်လမ်းဟောင်း

အောင်းခဲ့တဲ့ အရိပ်ကို
ပြန်ပြီးဆွဲစုတ်လိုက်တော့ သူမကိုထီးထီးကြီးတွေ့တယ်
နာကြည်းခြင်းတွေ…နာကြင်ခြင်းတွေ
တပုံတခေါင်းကြီးပဲ
ငါ့ဆီက ခုန်ကူးမယ်ဆိုရင် အလွတ်ကူးသွားပါ

ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာ
ငါမမျှားပဲ တပ်ခဲ့မိတဲ့ ငါးမျှားစာပါ

မမုန်းပါဘူးဆိုတဲ့ စကားနဲ့တော့
ရင်ခွင်ကို အဆိပ်ထပ်မသင့်ပါစေနဲ့
မက်ခွင့်မရတဲ့ အိပ်မက်ပန်းချီကားတွေ
အိမ်ဦးခန်းမှာ တစီတရီချိတ်ဆွဲထားသေးတယ်

မေ့ဖို့ကြိုးစားတိုင်းလာလာခြောက်တဲ့ပုံရိပ်ရယ်
ငါ ပန်းသီးမှားကိုက်ခဲ့တယ်လို့ပဲ သဘောထားပါ
ဘ၀မှာ နေ့ရောညရောမကဘူး ကြယ်တွေတောင်
ဆုတောင်းမှားလို့ ကြွေခဲ့ဖူးပါပြီး

ငါဟာ လက်မှားအပ်ခဲ့မိတဲ့
ကြိုးဆွဲရုပ်တရုပ်ပါ..
ကြီးကြီးကျယ်ကျယ်မဟုတ်တောင်
စင်ပေါ်မှာ ခေါက်ခနဲ လဲပြိုပေးနိုင်တယ်

အမှတ်တရတွေကို စာရင်းမပြုစုချင်တော့ပါဘူး
တစ်မှာ စပြီးတစ်မှာ ပြန်ဆုံးပေမယ့်
ဒသမတွေကြားမှာ နှလုံးသားက
လက်သည်းရာ အပြည်နဲ့

ရယ်သံတွေတောင် တခါတလေ
ခြောက်ကပ်ကပ်နိုင်သေးတာပဲ
မခြောက်နိုင်သေးတဲ့ မျက်ရည်တွေကတော့
မင်းအနမ်းတွေနဲ့ မူးရစ်နေတုန်းပါလား

ဒီဇင်ဘာရဲ့ ဆောင်းတအုပ်ရယ်
ဟောဒီကောင် ရင်ကို ခပ်ကြမ်းကြမ်းဆွဲဖွင့်ပြီး
သူမရဲ့ မာယာတွေ ကိုယ်မှာအောင်းနေကြောင်း
သက်သေပြပေးပါ……

ap

 

In: ကဗျာ Posted By: Date: Nov 14, 2013
Comment #1

ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာ
ငါမမျှားပဲ တပ်ခဲ့မိတဲ့ ငါးမျှားစာပါ

အကြိုက်ဆုံးနေရာလေးကို ဆလပ်လိုက်ပါတယ် အစ်ကို
အတော်လေး မိုက်တယ်

commentinfo By: မေပျို at Nov 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment