Professional Authors

အချစ်ဆုံး အချစ်ဦးသူရေ…

အချိန်တွေနဲ့ ကုစားဖို့
သူငယ်ချင်းတွေ၊ အသိုင်းဝိုင်းတွေက
ပြောနေပေမဲ့လည်း တသက်မှာတစ်ခါဘဲ
အိပ်စက်နေတဲ့ ကိုရဲ့နှလုံးသားကို စိုးမိုးထားသူလေးရေ
စားလည်းမင်း၊ အိပ်လည်းမင်း
အချိန်ကြာလေ ပိုတိုးလို့သာ ချစ်နေမိနေတယ်..

ကိုနဲ့မင်းနဲ့ချစ်ခဲ့တဲ့ အချိန်တွေမှာ
မင်းပေးခဲ့တဲ့ အနမ်းတွေ၊
အကြင်နာတွေ၊နွေးထွေးမှုတွေ
ရန်ဖြစ်တာလေးတွေ၊ ချော့တာလေးတွေ
အပြုံးလေးတွေ၊ ငိုသံလေးတွေက
ကိုရဲ့နှလုံးသားထဲမှာ သံမှိုစွဲကပ်ထားသလို
အတိတ်ဟောင်းက ပိုးမသေဘဲ
အနာပြန်ရင်းနေတယ်တယ်..စိုးမိုးထားသူရေ..

ငါကို ပြုံးပြနေကျ
အပြုံးလေးတွေ၊ ခေါ်နေကျ ခေါ်သံလေးတွေနဲ့
နွဲ့ဆိုးစိုးပြီး ချွေတတ်တဲ့ မင်းအကျင့်းလေးကိုမှ
မရမက စွဲလမ်းတမ်းတနေမိနေတာပါ
မင်းမုန်းသွားပြီး၊ တခြားတစ်ယောက်နဲ့ပျော်မယ်ဆိုရင်လည်း
ကိုယ့်ကတော့ မင်းလေးကို နားလည်မှု များစွာနဲ့
မင်းကို ခွင့်လွတ်နားလည်ပြီး
အရင်လို မင်းခေါ်နေကျ ကိုကို ခေါ်သံလေးနဲ့
ကိုကိုအရမ်းချစ်တယ်ဆိုတဲ့ အသံလေးကို
ပြန်မရနိုင်မှန်းသိရက်နဲ့
စောင့်မျှော်နေမိနေတယ်..စိုးမိုးထားသူရေ

ဘယ်လိုမှလည်း မေ့ပျောက်လို့မရ
မင်းကလည်း အနားနားမှာမရှိ
အထီးကျန်စွာနဲ့ အလွမ်းဇာတ်ကို တစ်ယောက်တည်း
မင်းမရှိတဲ့ မနက်ဖြန်များစွားကို
ဖြတ်သန်းနေရတယ်…
မင်း နောက်တစ်ခေါက်လောက်တော့ ပြန်လာစေချင်တယ်.
မပေးလိုက်ရတဲ့ ငါ့နှလုံးသားတစ်ခုလုံးကို
မင်းမရှိပေမဲ့ မင်းအတွက် အသက်ရှင်နေပေးမယ်….

သိပ်ချစ်ခဲ့တဲ့ ပထမဆုံး အချစ်ဆုံး အချစ်ဦးသူရေ…

ရေးလိုက်ပြန်ပြီဗျို့…
                                                            စိုး…

In: ကဗျာ Posted By: Date: Nov 25, 2013
Comment #1

har yae lite pyan pyi naut a myo….

commentinfo By: moe zaw naing at Nov 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment