Professional Authors

ပန်းမြိုင်တောမှ ပန်းပျိုးလက်

 

အနာဂါတ်သည် မျိုးစေ့ကောင်းတို့

စိုက်ပျိုးပေးသော ဥယျာဉ်မှူးတို့

လက်ထဲက ပန်းကောင်းတပွင့်ပေါ့

ပန်းပန်ချင်သူတွေ ပန်ခွင့်ရှိရင်

တနေ့နေ့မှာ ဥယျာဉ်မှူးက

ပန်ခွင့်ပြုမှာ သေချာပါတယ်..

သို့သော် သူမှာ နစ်နာမှုတော့

ရှိမှာသေချာတယ် အများမသိသော

လျိုဝှက်ချက်တွေဖြင့် သူကိုယ်တိုင်

ပန်းကလေးတွေကို စိုက်ပျိုးခဲ့လို့လေ..။

 

ပန်းပျိုးလက်တိုင်း ပန်ခွင့်မရှိခဲ့သလို

ပန်ချင်သူတိုင်းလည်း ပန်ခွင့်မရခဲ့တဲ့

ဦးဆောင်ပန်းကို ပန်ချင်သူ

လှပျိုဖြူရယ်က လက်လှမ်းကာ

တောင်းရမ်းလာရင်ဖြင့် အလိုက်သိတော့

ပေးလိုက်ချင်ရဲ့ သဒ္ဓါဖြူ

ကိုယ့်ရင်ထဲမှာ အဖြူရောင်ကြယ်စင်တွေ

ရင်လှိုင်းခတ်သလို လွမ်းရမှာလည်း

စိုးကြောက်မိတယ် ပန်မြိုင်တောမှ

ပန်းပန်ချင်သူ လှပျိုဖြူရယ်..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

လုလင် အားပေးသွားသည်

Comment #2

ရဲဝင့်အောင်ပါ….
အားပေးသွားပါတယ် အကိုရေ….

commentinfo By: yaewintaung at Oct 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment