Professional Authors

ပန်းပျိုးသူ…အမေများ(genius)

လောကကြီးကို လျှောက်လှမ်းဖို့
အမေပေးတဲ့ သတ္တိ
အမေပေးတဲ့ ခွန်အားတွေနဲ့
ဖြတ်သန်းနေဆဲပါ အမေ…။
တောက်ပမှူတွေ ၇ပ်တန့်
မှောင်မိုက်နေတဲ့ ဘ၀တစ်ခုကို
အကောင်းမွန်ဆုံး လမ်းပြခဲ့တာ
ကျေးဇူးတင်ပါတယ် အမေ…။
အမေပေးတဲ့ အေးမြမှူ
အမေပေးတဲ့ အ၇ိပ်စစ်တွေနဲ့
အမေ၇ဲ့ မေတ္တာတ၇ားကို
ဂုဏ်ယူလေးစားမိပါတယ် အမေ…။
မာယာတွေ ဆင်ယင်
မျက်နှာဖုံးတွေ တပ်ထားတဲ့
လောကကြီးမှာ…
အမေ၇ဲ့ ဆုံးမစကား
အမေပေးတဲ့ အားတွေနဲ့
မယိုင်မလဲ လှမ်းလျှောက်နေဆဲပါ အမေ…။
အမေပြောနေကျ စကားတစ်ခွန်း
(မာမီကို ချစ်၇င်….)
ကလေးဘ၀တုန်းက …
ထမင်းများများစားစေတဲ့ စကား
ပညာေ၇းကို အောင်နိုင်စေတဲ့ စကား
အ၇ွယ်ေ၇ာက်နားလည်လာတော့
လောကကြီးကို ၇င်ဆိုင်နိုင်စေတဲ့ စကား
အမေ…..
ပန်းပျိုးသူကောင်းတစ်ယောက်ပါ။
ချိုသာတဲ့စကား
တည်ငြိမ်တဲ့သွန်သင်မှူတွေကို
သား…..
ချစ်ကြောက်၇ိုသေပါတယ် အမေ။
အမေ၇င်ခွင်နဲ့ ခဏဝေး၇င်
သားဘ၀ ခဏပူလောင်တယ် အမေ။
၇ာသီဥတု ပြောင်းလဲတယ်..
လူတွေက အ၇သာစုံတယ်….
လောကကြီးက အေ၇ာင်စုံတယ်…အမေ။
ဘယ်လို့တွေ…ဘာပဲဖြစ်ဖြစ်
အမေ….
ကမ္ဘာပေါ်က အမေတိုင်းကတော့
အသင်္ချေ မေတ္တာ…
အနှိုင်းမဲ့ အေ၇ာင်တွေနဲ့…
၇ှိနေတတ်ကြတဲ့
အမေ….
အမေများအားလုံးကို
ဒီကဗျာလေးဖြင့်…
၇ိုသေ ဦးညွှတ် ကန်တော့လိုက်ပါသည်။

                               သူငယ်ချင်းရေးသားထားသောကဗျာကိုတင်ပေးခြင်းဖြစ်ပါသည်။

In: ကဗျာ Posted By: Date: May 3, 2011
Comment #1

အရမ်းကောင်းတာပဲ ကဗျာလေးက

commentinfo By: ကေသရီ at May 4, 2011
Comment #2

အင်း…………………..
အမေအကြောင်းရေးတော့ ဖတ်တဲ့သူ မရှိပါလားဗျ။

commentinfo By: စောရယ် at Jul 11, 2011
Comment #3

a me.
a me,
shi par de naw.
ah khu hma tway loh par.
hin:

commentinfo By: ei lay at Jul 27, 2011
Comment #4

ပန်းပျိုးသူ အမေများတဲ့ … ကဗျာလေးရယ် ..ပေးထားတဲ့ခေါင်းစဉ်ရယ် ..
ရေးထားတဲ့စာသားလေးတွေရယ် … အရမ်းလိုက်ဖတ်ညီတယ် ညီလေး … 🙂

commentinfo By: chityellusoelay at Sep 7, 2011
Comment #5

ဒိလို အမေကဗျာတွေကို ရေးတဲ့သူကိုကျေးဇူးတင်ပါတယ်
လေးလည်း လေးစားပါတယ် ကျနော်လည်းဒီိလို ကဗျာ ဒီလိုအမေ့ကဗျာ အမေ့အတွက်စာများကိုဖတ်ရတာကြိုက်ပါတယ် ဖတ်ရတာလည်းစိတ်ထဲမှာပီတိဖြစ်ပြီး ဝမ်းသာပါတယ် နောက်ထပ်ဒီလို မျိုးရေးသားနိုင်ပါစေခင်ဗျား ကျေးဇူးတငိပါတယ်

commentinfo By: ဝေယံနိုင် at Aug 1, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment