Professional Authors

သခင်ပြုံးလျှင် ပန်းပွင့်စေ

(သခင်ပြုံးလျှင် ပန်းပွင့်စေ……
သခင်မုန်းလျှင် နွမ်းရင့်ကြွေ……)
×××××××××××××××××××××××××××××××××
သခင်သိစေ
လွမ်းပွင့်ဝေပြီ
နေရီညချမ်း
မျှော်မှန်းစိုးထင့်
သခင့်သနား
အခစားမပျက်
အမျက်တော်ရှ
မာန်တော်ခမှ
စိုးမိပါတယ်
သခင်ရယ်
ရင်ဝယ် အုပ်စိုးစေပြီ……။

သခင်သိပါ
သစ္စာတရား
မဖောက်ပြားခဲ့
စတွေ့သည့်နေ့
ချစ်သည့်နေ့မှ
ယနေ့ချိန်ထိ
ကျိန်မိရဲတယ်
သခင်မှလွဲ
သွေးခွဲစကား
ဘယ်လိုများကြောင့်
သခင် ဆိတ်ဆိတ်နေတော်မူ…..။

သခင်ယုံလား
နှလုံးသားမှာ
သခင်ပြုံးလျှင် ပန်းပွင့်စေ
သခင်မုန်းလျှင် နွမ်းရင့်ကြွေပြီ
ဝေရီ မျက်ဝန်း
သိခက်လွန်းရဲ့
ခွန်းဖွဲ့ သံစဉ်
ရှင်သန်ခြင်းများ
စက္ကန့်မခြား
ကိုယ့်အားနှိပ်စက်
အိပ်မက်ဆိုးတွေ
သခင် ထားခဲ့မှာလားလေ…..

In: ကဗျာ Posted By: Date: Jun 7, 2011
Comment #1

အားပေးသွားပါသည်

Comment #2

ကောင်းလိုက်တာဗျာ … လွမ်းချင်းနဲ့တူတယ် … ဟိဟိ

commentinfo By: chityellusoelay at Aug 16, 2011
Comment #3

နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #4

1’00% right

commentinfo By: ei lay at Apr 25, 2012
Comment #5

so muhhhhhhhhhh like

commentinfo By: ei lay at Jun 17, 2012
Comment #6

သခင်ပြုံးလျှင် ပန်းပွင့်စေ

commentinfo By: နွေ at Sep 7, 2013
Comment #7

လွန်ခဲ့သော ၂ နှစ်ကျော်ကျော်က ရေးထားတဲ့ ဒီကဗျာလေးက အခု ကျွန်တော်ရေးနေတဲ့ ကဗျာတွေနဲ့ ယှဉ်လို့တောင်မရပါဘူး အရမ်းမိုက်တယ်ဗျ ကဗျာက ~~

လေးစားစွာဖြင့်
RAY

commentinfo By: X - ray at Sep 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment