Professional Authors

ပန်းပွင့်များနဲ့ ပျော်ပျော်ရွှင်ရွှင် ကမ္ဘာမြေကြီး – ဝေရီမူး

ပန်းတွေအပြည့်နဲ့ လေယာဉ်ပျံကြီး
ငါကိုယ်တိုင်စီးနင်းပြီး
မင်းရှိနေတဲ့မြို့ကို
ဗုံးတွေကြဲသလို လာကြဲချမယ်
အမုန်းတွေ အတုန်းအရုန်းကျဆုံးပါစေ
ချစ်သူတို့မြေ မွှေးမြပါစေ
အချစ်ကို စစ်ပွဲတစ်ပွဲလို့မြင်ရင်
ငါဆွဲကိုင်မိတဲ့ လက်နက်က
စံပါယ်ပွင့်တွေ ဖြစ်မယ်ထင်ရဲ့
ဝတ်မှုံစီးကြောင်းထဲမှာ
တစ်ယောက်ထဲလဲ
မင်းကို ကမ္ဘာကြီးတစ်ခုစာဝိုင်းထားပြီးပြီ
လက်နက်ချပါ၊
အလံဖြူပြပါ၊
ပန်းပွင့်တွေ ပြာဖြစ်သွားရင်
ကမ္ဘာမြေလဲ ကျိမ်စာသင့်လိမ့်မယ်
ကမ္ဘာပျက်ကိန်းတစ်ခုကလဲ
မင်းနာမည်နဲ့ဖြစ်မလာသင့်ဘူး
မယုံကြည်နိုင်စရာတွေကြားမှာ
အယုံလွယ်လွန်းတဲ့ ကမ္ဘာကြီးထဲ
?
??
???
မင်းလဲ အချိန်မီ ငါ့ကိုအမြန်ပြန်ချစ်ဖို့ကောင်းပြီ ။     ။

ဝေရီမူး

In: ကဗျာ Posted By: Date: Jan 6, 2013
Comment #1

ပန်းတွေအပြည့်နဲ့ လေယာဉ်ပျံကြီး
ငါကိုယ်တိုင်စီးနင်းပြီး
မင်းရှိနေတဲ့မြို့ကို
ဗုံးတွေကြဲသလို လာကြဲချမယ်
အမုန်းတွေ အတုန်းအရုန်းကျဆုံးပါစေ
ချစ်သူတို့မြေ မွှေးမြပါစေ
အချစ်ကို စစ်ပွဲတစ်ပွဲလို့မြင်ရင်
ငါဆွဲကိုင်မိတဲ့ လက်နက်က
စံပါယ်ပွင့်တွေ ဖြစ်မယ်ထင်ရဲ့
ဝတ်မှုံစီးကြောင်းထဲမှာ
တစ်ယောက်ထဲလဲ
မင်းကို ကမ္ဘာကြီးတစ်ခုစာဝိုင်းထားပြီးပြီ
လက်နက်ချပါ၊
အလံဖြူပြပါ၊

ကောင်းလှ ချည်လား ဗျ…။ အားပေးသွားပါတယ် နှစ်သက်မြတ်နိုးစွာ ဖြင့်…

commentinfo By: 13th at Jan 6, 2013
Comment #2

ဟုတ်ကဲ့
တော်တော်ကောင်းတဲ့ စတိုင်လေးပါ
အရမ်းမိုက်တယ်
အရမ်းကြိုက်တယ်

commentinfo By: မေပျို at Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment