Professional Authors

ပန်းမြိုင်တွင်းက ဥယျာဉ်မှူး

 

 

တော်ဝင်သဇင် ပန်းမျိုးတွင်လည်း
ပန်းဖြူစပယ် ချစ်မျိုးနွယ်က
ကုမုဒြာ မိုးစွေ တောင်ဇလပ်နဲ့
သစ်ခွပန်းမျိုး မေတ္တာတိုး၏..။

 

နှင်းဆီနန်းထိုက် ပန်းမိုက်စပယ်
ချစ်မျိုးနွယ်နဲ့ တော်ဝင်မကိုဋ်
သဇင်ခတ္တာ အနုအလှတွေကို
ရင်မှာတမ်းတ မင်းကြိုက်လှတယ်..။

 

ဇီဇာဝါ နေကြာ သေခြာပါလည်း
ရနံ့ထုံသင်း အင်ကြင်းရခိုင်
ပန်းမြိုင်အလှ တောတောင်လှကို
ရှုမောသာယာ ကြည့်ချင်လှလေ..။

 

သပြေခရေ ရနံ့ထုံသင်း
ပန်းမြိုင်တွင်းမှာ စကားဝါမြေလု
ချေထုသည့် ပိတောက်နွယ်က
နှစ်သစ်ကို ကြိုဆိုလို့လေ..။

 

ပန်းမျိုးစုံက ရာသီအလိုက်
အလှတွေ စုံကြပေမဲ့
ချစ်သက်သေ ရင်မှာလူးတော့
ပန်းပျိုးသူ ဥယျာဉ်မှူးမှာ ချစ်သတ်လို့ရှုး…။

 

ပန်းကလေးတိုင်း လှစေချင်သူ
ပန်းပန်သူလည်း တင့်တယ်စေချင်
ပန်းချစ်သူ သူ့ရင်ထဲမှာ
ကြည်နူးပီတိနဲ့ ကျန်ရစ်သူလေ…။

 

ပန်းပျိုးသော်လည်း ပန်းရနံ့နဲ့
ဝေးကွာမြေခြား ရင်ခွင်ခြားလို့
စိုက်ပျိုးသူ ဥယျာဉ်မှူးမှာ
ပန်းပျိုးလက်ဖြင့် အစဉ်ကြည့်ခဲ့သူပါလေ..။

 

ပန်းကြွေသောအခါ လွမ်းစေဖို့အတွက်
ထာဝရာအစဉ် စိုက်ပျိုးကာ
ဂရုစိုက်လို့ ပန်းကြွေလက်တော့
ဥယျာဉ်မှူးတယောက် မဖြစ်စေချင်….။

 

ပန်းကြွေသောအခါ လန်းစေဖို့အတွက်
မေတ္တာရေစဉ် ပတ်ဖြန်းကာ
ပန်ချင်သူ ဦးထိပ်မှာတော့
တင်စေချင်သူ ဥယျာဉ်းမှူးပါ…။

 

လောကကြီးက အပြောကြီးလို့
ဟားတိုက်ရယ်နေဦး ပန်းပျိုးသူ
ဥယျာဉ်မှူးရယ် ပန်းမြိုင်တွင်းမှာ
ပန်းချစ်သူကို စောင့်မျှော်လို့ ဆူး….။

 

တက္ကသိုလ်မြတ်မင်း

                            http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 19, 2011
Comment #1

ဖတ်ရတဲ့အနှစ်သာရကြောင့်ကဗျာကိုတောင်မပီးစေချင်ဘူး……

commentinfo By: May Kha at Sep 19, 2011
Comment #2

ကောင်းလိုက်တာဗျာ။

commentinfo By: poem.poem28 at Sep 19, 2011
Comment #3

ပန်းကလေးတိုင်း လှစေချင်သူ
ပန်းပန်သူလည်း တင့်တယ်စေချင်
ပန်းချစ်သူ သူ့ရင်ထဲမှာ
ကြည်နူးပီတိနဲ့ ကျန်ရစ်သူလေ…။

ပန်းပျိုးသော်လည်း ပန်းရနံ့နဲ့
ဝေးကွာမြေခြား ရင်ခွင်ခြားလို့
စိုက်ပျိုးသူ ဥယျာဉ်မှူးမှာ
ပန်းပျိုးလက်ဖြင့် အစဉ်ကြည့်ခဲ့သူပါလေ..။

ပန်းကြွေသောအခါ လွမ်းစေဖို့အတွက်
ထာဝရာအစဉ် စိုက်ပျိုးကာ
ဂရုစိုက်လို့ ပန်းကြွေလက်တော့
ဥယျာဉ်မှူးတယောက် မဖြစ်စေချင်….။

ပန်းကြွေသောအခါ လန်းစေဖို့အတွက်
မေတ္တာရေစဉ် ပတ်ဖြန်းကာ
ပန်ချင်သူ ဦးထိပ်မှာတော့
တင်စေချင်သူ ဥယျာဉ်းမှူးပါ…။

ယုံချင်ပါတယ် အစ်ကိုရယ်

commentinfo By: Daw Shwe A at Oct 5, 2011
Comment #4

ချစ်သူကံကော်

လှလွန်းမွှေးလွန်းတဲ့ ပန်းကလေးရယ်…

မင်းရဲ့အလှအပနဲ့ ဂုဏ်သတင်းတွေကြောင့် လိုချင် ခူးချင် ခြွေချင် သူတွေလဲများလှပေါ့…

ကိုက ခူးလဲမခူးရက် မခြွေရက် ခဲ့ဘူး…

ပင်မြင့်မှာ သဘာဝအတိုင်း လှနေတဲ့ ပန်းကလေးကိုပဲ မြတ်နှိးတယ်…

ပန်းကလေးကိုဖွဲ့ နွဲ့ ပြီးရေးတတ်တဲ့ ကဗျာဆရာတွေလဲ ဖော်မပြနှိင်အောင် ရှိကောင်းရှိလိမ့်မယ်…

ကိုကတော့ ဖွဲ့ လဲမရေးတတ် နွဲ့ ပြီးလဲမရေးတတ်ပါဘူး `ပန်း’ ကိုပန်းလို့ပဲမြင်တယ်…

ပန်းကလေးက မာန မထားဘူး ဆိုရင်ပေါ့…

အဝေးတစ်နေရာကနေပဲ တိတ်တိတ်ကလေးချစ်နေပရစေ…

Comment #5

ကျွှန်တော့ ကဗျာလေးကိုလဲဝေဖန်ပေးပါအုံး

Leave Comments

Name*

Email*
Website
Email me whenever there is new comment