Professional Authors

“ချစ်ခြင်း၌စီးမျောဖူးသောအမုန်းမြို့သား” (၁)

အပိုင်း(က)….အိပ်မရခြင်းများ

အမှားတွေပဲရေးမိခဲ့
ပြင်မဆုံးနိုင်လို့
ဆုတ်ဖြဲခဲ့ရတဲ့စာမျက်နှာတစ်ချို့
အတိတ်ဆိုတဲ့အမှိုက်ပုံးထဲ
စွန့်ပြစ်ခဲ့ပေမယ့်
ရင်ဘတ်ထဲခပ်ရေးရေးကျန်သေးတော့
အိပ်မက်တွေကို ခြောက်..လှန့်..ဆဲ။

အပိုင်း(ခ)…(အသနားခံခြင်း)

တစ်သက်ပျော်ချင်လို့
အချစ်ပင်စိုက်ခဲ့တာလေ
တမြတ်တနိုးနဲ့ယုယခဲ့တာပဲ
နတ်နေကိုင်းတောင်မကျန်ခုတ်သွားတာတောင်
သံယောဇဉ်ရနံကခပ်ပျံပျံကျန်တုန်း
ဒီလောက်ထိချစ်ခဲ့တာတောင်
သံသယဆိုတာနဲ့ဝေစားမျှစားလုပ်ပြီး
အမုန်းနဲ့ရင်ဘတ်ကိုခပ်နက်နက်ခွဲခဲ့တော့
ငါ့ရဲ့မနက်ဖြန်တွေ( )အနာဂတ်တွေ
သွေးထွက်လွန်ပြီးသေကုန်တာ
ဆန်းသလား……….။

အပိုင်း(ဂ)…(နောင်တများနဲ့စွပ်စွဲမှုစကား)

ရပ်တန့်သွားတဲ့မနက်ဖြန်တွေကို
ဓါတ်ခဲထည့်လို့မှမရတာ
မျှော်လင့်ခြင်းနှိုးစက်တွေလည်း
မင်းပဲ..ရိုက်ချိုးသွားခဲ့တာလေ
ဘာပဲဖြစ်ဖြစ်ငါကတော့ပြင်ဆိုင်မပို့ပဲ
အဟောင်းလေးကိုပဲဖက်တွယ်ခဲ့တာပါ
ဆုတောင်းတွေ၊လုပ်ရပ်တွေ၊အပြုအမူတွေ
မှားခဲ့ဖူးပေမဲ့………
စကားလုံးတွေနဲ့လူသတ်တတ်သူကိုချစ်မိတာ
ငါ့ဘ၀ရဲ့အဆိုးဝါးဆုံးဆုတောင်းမှားမှုပဲ။

အပိုင်း(ဃ)…(ခပ်ပြုံးပြုံးလေးနေပေါ့)

သံယောဇဉ်ရေနစ်မွန်းပြီး
ရက်စက်မှုတွေကြားမြုပ်လိုက်ပေါ်လိုက်နဲ့ပဲ
အိပ်မက်ပြဇာတ်တစ်ခန်းရပ်ခဲ့တယ်..
မျှော်လင့်မိတဲ့အကြည့်ဆွေးတွေကြောင့်
ငါ့ကိုငါပြန်မှန်တဲ့မြှားချက်တွေကိုလည်း
ဆွဲနှုတ်မပြစ်ရက်ဘူး..
ဘာကျားမှထိုးမကျွေးဘဲ
မင်းကအနိုင်ရခဲ့တော့
ငါဟာလူတော်တစ်ယောက်လို့သူများပြောခဲ့ရင်
လှောင်ပြုံးလေးတော့
ပြုံးဖြစ်အောင်ပြုံးနေပါချစ်သူ။

myatthuraaung

[email protected]

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

ရပ်တန့်သွားတဲ့မနက်ဖြန်တွေကို
ဓါတ်ခဲထည့်လို့မှမရတာ
မျှော်လင့်ခြင်းနှိုးစက်တွေလည်း
မင်းပဲ..ရိုင်ချိုးသွားခဲ့တာလေ
ဘာပဲဖြစ်ဖြစ်ငါကတော့ပြင်ဆိုင်မပို့ပဲ
အဟောင်းလေးကိုပဲဖက်တွယ်ခဲ့တာပါ

commentinfo By: May Kha at Oct 5, 2011
Comment #2

ရေးထားတဲ့ ပုံစံလေး….မိုက်၏။ 🙂

commentinfo By: terry at Oct 6, 2011
Comment #3

sate g pe,,
hint,,,,,,,

commentinfo By: ei lay at Jan 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment