Professional Authors

“သူမရဲ့အလိုတော်ရိ”

နှလုံးသားကိုစစ်မကြေညာပါနဲ့
ရုပ်ခြည်းဝင်သိမ်းလိုက်
မင်းအတွက်ပျော်မွေ့ဖွယ်ရာ
ကိုလိုနီအသစ်တစ်ခုဖြစ်စေရမယ်

ဘာအရည်မှမစိမ်ရသေးတဲ့
အသည်းနုနုလေးရယ်
ဘာမဆိုအယုံလွယ်တတ်တဲ့
အညှာလွယ်တဲ့ဦးဏှောက်ရယ်က
မင်းအတွက်ကစားစရာအသစ်ပေါ့
ဟုတ်ဘူးလားကွယ်

မင်းကြိုက်ရင်
အနမ်းတွေနဲ့လည်း
ငါ့ကိုကန်ထုတ်လို့ရတယ်
ရယ်သံချိုချိုလေးနဲ့လည်း
နဖါးကြိုးထိုးလို့ရတယ်
အားမနာပါနဲ့ကွယ်
ငါကလည်းကိုယ့်ကိုယ်ကိုတောင်မသနားဘဲ
မင်းဆီကိုရောင်းစားချင်နေတဲ့ကောင်ရယ် ။

myatthuraaung
[email protected]

In: ကဗျာ Posted By: Date: Nov 7, 2011
Comment #1

ငါကလည်းကိုယ့်ကိုယ်ကိုတောင်မသနားဘဲ
မင်းဆီကိုရောင်းစားချင်နေတဲ့ကောင်ရယ် ။
ကောင်းလိုက်တဲ့..စာသားလေး…

commentinfo By: poem.poem28 at Nov 7, 2011
Comment #2

နှလုံးသားကိုစစ်မကြေညာပါနဲ့
ရုပ်ခြည်းဝင်သိမ်းလိုက်
မင်းအတွက်ပျော်မွေ့ဖွယ်ရာ
ကိုလိုနီအသစ်တစ်ခုဖြစ်စေရမယ်
ငါကလည်းကိုယ့်ကိုယ်ကိုတောင်မသနားဘဲ
မင်းဆီကိုရောင်းစားချင်နေတဲ့ကောင်ရယ် ။
စာသားတွေ ကောင်းတယ်ဗျာ

Comment #3

he,,he,,
mike de kwar..
da ke naw

commentinfo By: ei lay at Dec 2, 2011
Comment #4

he,,he,,
rofl,,,
like so much

commentinfo By: ei lay at Jan 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment