Professional Authors

“ကျောင်းတုန်းက……..”

ချစ်ခြင်းအစ
ကျောင်းကြီးကိုလား ကံကြမ္မာလား
ဆုံခဲ့တဲ့ဖူးစာလား
ဘာကိုများကျေးဇူးတင်ရမလဲ
ဘာပဲဖြစ်ဖြစ်သူမနဲ့ကျနော်
ရင်ချင်းထပ်၍ချစ်ခဲ့သည်

လွမ်းစရာအစ(၁)
နွေလေရူးကိုအပြစ်တင်ခဲ့တယ်
သူကြောင့်ကျောင်းပိတ်
ဆက်သွယ်စရာတိတ်ပီ
ကြင်သူနေမှကောင်းရဲ့လား..

လွမ်းစရာအစ(၂)
အချိန်ဆိုတာကိုအပြစ်တင်ခဲ့တယ်
အသက်လည်းကြီး
ကျောင်းလည်းပြီးပြီ
သတင်းမှမကြားရ
ကြင်သူအဆင်မှပြေရဲ့လား..

မုန်းစရာအစ
ချစ်မိတဲ့ကိုယ်လား
အပြစ်ရှိတဲ့သူ့ကိုလား
ဘယ်သူ့ကိုများလဲ
စားပွဲပေါ်မှာ..
သူ့ဖိတ်စာ.။

myatthuraaung
[email protected](တော်တော်ကြာကြာကကဗျာလေးပါ ညံရင်ခွင့်လွှတ်ပါ)

In: ကဗျာ Posted By: Date: Oct 8, 2011
Comment #1

ကောင်းပါတယ် အချိန်နဲ့ အရပေါ့…။

commentinfo By: SoFarAwayFromU at Oct 8, 2011
Comment #2

ကဗျာလေးက အဓိပ္ဗါယ်ရှိပါတယ်ဗျာ

commentinfo By: ဖိုးနမ်း at Oct 9, 2011
Comment #3

ကဗျာ တွေက ရိုးသားပါတယ်ကွာ…..
ကောင်းတယ်မကောင်းဘူး ဆို တာ ခံစားချက်ပါပဲ….
ကဗျာတွေက ကောင်းကြပါတယ်….

commentinfo By: Toat Gyi at Oct 9, 2011
Comment #4

ချစ်မိတဲ့ကိုယ်လား
အပြစ်ရှိတဲ့သူ့ကိုလား
ဘယ်သူ့ကိုများလဲ
စားပွဲပေါ်မှာ..
သူ့ဖိတ်စာ.။
ကောင်းတယ်ဗျာ ..အောက်ဆုံးက စားပွဲပေါ်မှာ သူ့ ဖိတ်စာ ဆိုတာလေး နဲ့  သိမ်းထားတာ အရမ်း သဘောကျတယ်

Comment #5

အားလုံးအားလုံးကိုကျေးဇူးအရမ်းတင်ပါတယ်ဗျာ
🙂

Comment #6

အရေးအသား မညံ့ပါဘူးဗျ
တကယ်ကောင်းတဲ့ အရေးအသားဘဲ
ကဗျာက ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်လို့ကောင်းတယ်ဗျ အားပေးသွားပါတယ် ။

commentinfo By: X - ray at Oct 9, 2011
Comment #7

မဆိုးပါဘူးဗျ…ဖတ်လို့ ခံစားလို့ ရပါတယ်…

commentinfo By: အသဲကွဲမိုး at Oct 14, 2011
Comment #8

he,,he,,,

commentinfo By: ei lay at Nov 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment