Professional Authors

ကြောက်မက်ဖွယ်ဝေးကွာခြင်း-ရဲဝင့်အောင်

အလင်းမဲ့ရင်မှာ
နင်ပြန်လာမှာပါဆိုတဲ့
အတွေးတွေ စိမ့်စမ်းရေလို
စဉ်ဆက်မပြတ် စီးဆင်းနေခဲ့ပေါ့

နေညိုသွားတာတောင်
ထပ်ဆုံကြမှာပါဆိုတဲ့
အဖြစ်ချင်ဆုံးဆန္ဒတွေ
ဆေးလိပ်ငွေ့ လို နှလုံးသားကို
လှိုက်စားနေတုန်းရယ်…..

ထင်မှတ်ထားတဲ့
စိတ်ကူးတွေလည်း
မိုးအဖြစ်နဲ့ ရွာချဆဲ…
ငါတို့ …..
ငါတို့ …..
ကာလများစွာ ဝေးကြရမယ်

သမုဒယကြိုးနဲ့ 
ရစ်နှောင်ချည်ခဲ့တဲ့
ဆူးဖြူလေးတစ်ချောင်းပါပဲ
ငါ့ကိုရာစုနှစ်တွေနဲ့ 
ကွဲကွာစေခဲ့တာကလွဲလို့ 
နင့်အပြုံးတွေက
ကြောက်ဖို့ ကောင်းနေတုန်းရယ်…
                             ရဲဝင့်အောင်(ခေါ်)ရွှေကြယ်မိုး
                     

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

ထင်မှတ်ထားတဲ့
စိတ်ကူးတွေလည်း
မိုးအဖြစ်နဲ့ ရွာချဆဲ…
ငါတို့ …..
ငါတို့ …..
ကာလများစွာ ဝေးကြရမယ်

သမုဒယကြိုးနဲ့ 
ရစ်နှောင်ချည်ခဲ့တဲ့
ဆူးဖြူလေးတစ်ချောင်းပါပဲ
ငါ့ကိုရာစုနှစ်တွေနဲ့ 
ကွဲကွာစေခဲ့တာကလွဲလို့ 

commentinfo By: May Kha at Oct 5, 2011
Comment #2

သမုဒယကြိုးနဲ့ 
ရစ်နှောင်ချည်ခဲ့တဲ့
ဆူးဖြူလေးတစ်ချောင်းပါပဲ…………
အားပေးသွားပါတယ်

Comment #3

ကောင်းတယ်ဗျာ ကဗျာလေးက မောင်မြတ်သူအားပေးသွားပါကြောင်းးးးးးး

Comment #4

သမုဒယကြိုးနဲ့ 
ရစ်နှောင်ချည်ခဲ့တဲ့
ဆူးဖြူလေးတစ်ချောင်းပါပဲ
ငါ့ကိုရာစုနှစ်တွေနဲ့ 
ကွဲကွာစေခဲ့တာကလွဲလို့ 
နင့်အပြုံးတွေက
ကြောက်ဖို့ ကောင်းနေတုန်းရယ်…

commentinfo By: nwenyeinaye at Oct 5, 2011
Comment #5

အရမ်းကောင်းတယ်ဗျာ။အားပေးသွားပါတယ်။

commentinfo By: yelaylover2010 at Oct 10, 2011
Comment #6

ta mu da ya ne chi hnaung htar taw kyaunt
myit tar a hlin c sin nay myi phyit d.

commentinfo By: ei lay at Nov 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment