Professional Authors

အလွမ်းမျှော်စင် – နရီထက်

သခွပ်ပင်က မီးတကြည်းကြည်း တောက်ချင်ပေမဲ့
နှင်းခဲပန်းနှင့် နေနေရရှာတယ်

ပိတောက်တွေ ၀ါဝါထိန်ချင်ပေမဲ့
မရေရာတဲ့ ချယ်ရီပန်းကို လှမ်းမျှော်ကြည့်လိုက်သေးတယ်

တမာအရိပ်ကို မေ့တေ့တေ့အချိန်မှာ
ကန္တာရ ဆူးပင်ကို စမ်းတ၀ါးဝါး လိုက်ရှာနေသေးတယ်

ကွန်ဒိုမီယံအပေါ်ဆုံးထပ်ကနေ လှမ်းကြည့်လိုက်တော့
အောက်နားဘေးနားမှာ  အမေ့အိမ်ကို သတိရနေသေးတယ်

နောက်ဆုံးမိုးမျှော်စင်က….
ငါးရိုးဆူးမှာ စိုးရိမ်နေတဲ့ အမေ့ရဲ့အရိုးနွင်းထားတဲ့ထမင်းတစ်လုပ်
ကလေးဘ၀က ပန်းချီကားတစ်ချပ်ပေါ့….။    ။

နရီထက်
( ၁၄ ၊ မေလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: May 14, 2011
Comment #1

အနာဂတ်တွေအတိတ်တွေ
ပစ္စုပန်တွေအားလုံး
ကျော်လွန်သွားလည်း
သက်ဝင်လှုပ်ရှားနေတဲ့
ကလေးဘ၀က
ပန်းချီကားတစ်ချပ်

commentinfo By: Moe Thit Lay Pyay at May 14, 2011
Comment #2

ငါးရိုးဆူးမှာ စိုးရိမ်နေတဲ့ အမေ့ရဲ့အရိုးနွင်းထားတဲ့ထမင်းတစ်လုပ်..ကိုအရမ်းသတိရတယ်အမေ့ကို
………

commentinfo By: myintmo at May 18, 2011
Comment #3

နောက်ပြီး ကျန်သေးတယ် … ညီမလေး… ကလေးဘ၀က အမေပေးတဲ့ မုန့်ဖိုး တွေက မွှေးတယ် သိလား တစ်ခါတစ်လေ အဲဒီ ပိုက်ဆံတွေကို စာအုပ်ကြားထဲမှာ စုထားတာကို ပြန်တွေးမိရင် အမေကို သတိရမိတယ် ညီမလေး

commentinfo By: Nayihtet at May 18, 2011
Comment #4

အားပေးသွားပါတယ်

Comment #5

အားပေးသွားပါတယ်နော်

commentinfo By: yaewintaung at Oct 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment