Professional Authors

အိုဘယ့်….. အကြင်နာ – နရီထက်

လမ်းလျှောက်တတ်ပြီး လမ်းပျောက်နေသေးလား
ကောင်းကင်က မျှော်လင့်ခြင်း မိုးတိမ်တွေကို
ဈေးကြီးကြီး ပေးဝယ်မထားဘူးလား…
အပေါစားဟင်းလင်ပြင်ကြီးနှင့် အရုပ်မဆိုးလှပါဘူး

အတွေးမခေါင်တတ်ပေမဲ့ အတွေးချော် လမ်းလွဲတွေ
များပြီးနော်…
ရင့်ကျက်ခြင်း အ၀တ်အစားတွေက
ပုံမှန်လဲဝတ်တတ်ကြသလိုပဲ…

မုန့်ဖိုးရလိုက်တဲ့ ကလေးတစ်ယောက် အပြုံးနဲ့တော့
ဝယ်စရာတွေ များနေသေးလား
ကမ္ဘာကြီးက အတင်းခံဈေးနှင့် ဈေးလျှော့မယ်
မထင်ဘူး…

တန်ဘိုးဆိုတာ မယ်မယ်ရရနှင့် မြက်ခင်းပြင် အသာပါပဲ
စိမ်းစိမ်းစိုစိုနှင့် ကြည့်ချင်နေတာ…
မလွဲသာတော့လည်း လမ်းလျှောက်ထွက်
အခင်းအပြင်အသာပါပဲ…

ဆည်းဆာဆိုတာ မွန်းကြပ်တတ်တဲ့
မြို့ဝင်ပေါက်လေးလား
အချိတ်အဆက်တွေနှင့် မကြည့်ဖြစ်တာ
များလှပြီးနော်…
နေ့တစ်နေ့လောက်အသာ သတိရမယ် မထင်ဘူး

တစိမ့်တစိမ့်နှင့် လွင့်ပါးလာတဲ့ ရွက်ဝါတွေက
ဘယ်နားမှာလဲ အိမ်… သူသိနှင့်နေလား
ပင်စည်ချက်မကြီးက မခေါ်တော့ဘူး သိလား
သူတို့က ၀မ်းနည်းခြင်းကို မယူဆောင်တတ်လို့လား

အဝေးကနေ ခေါ်… မျှော်မနေနဲ့ မောတယ်
အဝေးကနေ အော်… ရင်ပေါက်မတတ်ပေမဲ့
နှလုံးသားမှာ အမှတ်တရနှင့် ငြင်းဆန်တတ်တဲ့
ဒဏ်ရာလေးတော့ ကျန်နေခဲ့တတ်တယ်

ပျော်စရာအချိန်လေးတွေက အပိုင်မှ မဟုတ်တာ
အဌားပုံစံမဆန်တော့လည်း…
ငိုရမယ့်အချိန်တွေကို မတောင်းဆိုချင်တာလေးကွဲ့

ခွဲခွာသွားခြင်းကို ရင်ဘတ်တံဆိပ်မကပ်ချင်ပေမဲ့
စွန့်ခွာသွားခြင်းကတော့ အိမ်အပြန်လမ်းမှာ…
ဆိုင်းဘုတ်ချိတ်ဆွဲပြီးထားပါ
ရုတ်တရက် လက်ပြနှုတ်ဆက်ချိန် မရလိုက်ဘူးနော်…

အိပ်တန်းပြန်တဲ့ ဌက်ကလေးတွေ
အဖော်မကွဲစေချင်ဘူး…
သူတို့ ဘယ်မှာလဲ
ငါကရော ဘယ်နေရာမှာလဲကွယ်…

ပုံစံခွက်မကျတကျမှာ ပုံသွင်းခံလိုက်ရတာလား
သီအိုရီတွေကို ဒိုင်ရာလော့တွေလို သုံးစားနေတော့
လက်တွေ့က ငါတို့ရဲ့ ဘိုးတော်ကြီးပေါ့ကွယ်…

ရိုးသားမှုက စကားသိပ်မပြောဘူး
လိမ်ညာမှုက စကားပြောတတ်သလိုပဲ
ဟန်ဆောင်မှုကို မျက်နှာပန်းထုတ်တော့
သိက္ခာဆိုတာ အရှုံးအမြတ် မတွက်ကြတော့ဘူး

နေ့ဝင်မိုးချုပ် ရာသီတွေ မဟောင်းသေးဘူး
လမ်းတွေက မအိုသေးဘူး
မြစ်တွေက မဖြောင့်သေးဘူး
ငါတို့ေ၇ာ လိုက်ပါစီးနင်းနေကြတယ်လေးကွဲ့…

အတ္တကို ရင်မှာပိုက်တော့ အချစ်ကို
လက်သပ်မွေးကြတယ်
သံသယကို ၀ယ်ယူကြတော့ ကြီးစိုးမှုကို
ခြယ်လှယ်ကြတယ်
စိတ်နာခြင်းကို လျှိုသပ်ကြတော့ မုန်းတီးခြင်းကို
ကိန်းဝပ်ကြတယ်

အစမ်းသပ်ခံ လူသားတွေတဲ့လား…
မကြင်နာတဲ့အခါ မမျှတဘူးလို့ မပြောလိုက်ပါနဲ့နော်…။      ။

နရီထက်
( ၁၉ ၊ စက်တင်ဘာ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Sep 19, 2011
Comment #1

ပုံစံခွက်မကျတကျမှာ ပုံသွင်းခံလိုက်ရတာလား
သီအိုရီတွေကို ဒိုင်ရာလော့တွေလို သုံးစားနေတော့
လက်တွေ့က ငါတို့ရဲ့ ဘိုးတော်ကြီးပေါ့ကွယ်…

ရိုးသားမှုက စကားသိပ်မပြောဘူး
လိမ်ညာမှုက စကားပြောတတ်သလိုပဲ
ဟန်ဆောင်မှုကို မျက်နှာပန်းထုတ်တော့
သိက္ခာဆိုတာ အရှုံးအမြတ် မတွက်ကြတော့ဘူး
အားပေးသွားတယ်အကိုကြီး..

commentinfo By: myintmo at Sep 19, 2011
Comment #2

ရိုးသားမှုက စကားသိပ်မပြောဘူး
လိမ်ညာမှုက စကားပြောတတ်သလိုပဲ
ဟန်ဆောင်မှုကို မျက်နှာပန်းထုတ်တော့
သိက္ခာဆိုတာ အရှုံးအမြတ် မတွက်ကြတော့ဘူး
အစမ်းသပ်ခံ လူသားတွေတဲ့လား…
မကြင်နာတဲ့အခါ မမျှတဘူးလို့ မပြောလိုက်ပါနဲ့နော်…။ ။

commentinfo By: May Kha at Sep 19, 2011
Comment #3

ကောင်းတယ်ဗျာ
အတွေးမခေါင်တတ်ပေမဲ့ အတွေးချော် လမ်းလွဲတွေ
များပြီးနော်…
ရင့်ကျက်ခြင်း အ၀တ်အစားတွေက
ပုံမှန်လဲဝတ်တတ်ကြသလိုပဲ…

မုန့်ဖိုးရလိုက်တဲ့ ကလေးတစ်ယောက် အပြုံးနဲ့တော့
ဝယ်စရာတွေ များနေသေးလား ။ ။

” သံသယကို ၀ယ်ယူကြတော့ ကြီးစိုးမှုကို
ခြယ်လှယ်ကြတယ် ” တဲ.လား မှန်လိုက်တာ

commentinfo By: k nge lay at Sep 19, 2011
Comment #4

ကောင်းတယ်ခင်ဗျ
ကဗျာကတော်တော်ကောင်းပါတယ်

commentinfo By: ဧရာဝတီသားး at Sep 19, 2011
Comment #5

အားပေးသွားပါတယ်…ကိုနရီ

commentinfo By: ကြယ်စစ်သည် at Sep 19, 2011
Comment #6

ရိုးသားမှုက စကားသိပ်မပြောဘူး
လိမ်ညာမှုက စကားပြောတတ်သလိုပဲ
ဟန်ဆောင်မှုကို မျက်နှာပန်းထုတ်တော့
သိက္ခာဆိုတာ အရှုံးအမြတ် မတွက်ကြတော့ဘူး
ရိုးသားမှုက စကားသိပ်မပြောဘူး
လိမ်ညာမှုက စကားပြောတတ်သလိုပဲ
ဟန်ဆောင်မှုကို မျက်နှာပန်းထုတ်တော့
သိက္ခာဆိုတာ အရှုံးအမြတ် မတွက်ကြတော့ဘူး
အစမ်းသပ်ခံ လူသားတွေတဲ့လား…
မကြင်နာတဲ့အခါ မမျှတဘူးလို့ မပြောလိုက်ပါနဲ့နော်…။ ။အဲ့အပှဒ်လေး တွေကြိုက်တယ် ကိုကြိး ဖတ်လို့ လည်းကောင်းတယ် တပှဒ်လုံး စာသားလေးတွေ လန်းတယ်

commentinfo By: myintmo at Sep 19, 2011
Comment #7

စံခွက်မကျတကျမှာ ပုံသွင်းခံလိုက်ရတာလား
သီအိုရီတွေကို ဒိုင်ရာလော့တွေလို သုံးစားနေတော့
လက်တွေ့က ငါတို့ရဲ့ ဘိုးတော်ကြီးပေါ့ကွယ်…

ရိုးသားမှုက စကားသိပ်မပြောဘူး
လိမ်ညာမှုက စကားပြောတတ်သလိုပဲ
ဟန်ဆောင်မှုကို မျက်နှာပန်းထုတ်တော့
သိက္ခာဆိုတာ အရှုံးအမြတ် မတွက်ကြတော့ဘူး

အတ္တကို ရင်မှာပိုက်တော့ အချစ်ကို
လက်သပ်မွေးကြတယ်
သံသယကို ၀ယ်ယူကြတော့ ကြီးစိုးမှုကို
ခြယ်လှယ်ကြတယ်
စိတ်နာခြင်းကို လျှိုသပ်ကြတော့ မုန်းတီးခြင်းကို
ကိန်းဝပ်ကြတယ်

အစမ်းသပ်ခံ လူသားတွေတဲ့လား…
မကြင်နာတဲ့အခါ မမျှတဘူးလို့ မပြောလိုက်ပါနဲ့နော်…။ ။အဲ့အပှဒ်လေးတွေ ကြိုက်တယ်။ စာသားလေးတွေ လန်းတယ်နော်။အကုန်လုံးကြိုက်တယ်နော် ရေးထားတဲ့ စာသား အိုင်ဒိယာကြိုက်တယ်

commentinfo By: thuya at Sep 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment