Professional Authors

အရှုံးသမားရဲ့ငိုရှိုက်သံ

အရှုံးသမားရဲ့ငိုရှိုက်သံ(သို့)

          နှလုံးသားရဲ့ကြွေးကြော်သံ

 

ကြင်နာချစ်ခြင်း

အပြစ်ကင်းဖို့

စစ်ခင်းမယူပါရစေနဲ့

နှလုံးသားက

မျက်စောင်းဒဏ်တောင်

မခံနိုင်အောင်

နူးညံ့လွန်းပါတယ်

တိတ်တခိုးနဲ့

ကြိတ်ပိုးလို့ချစ်ပါရစေ

အတိတ်ဆိုးတွေနဲ့မို့

အရိပ်ထိုးရင်တောင်

ကြောက်လန့်နေရသူပါ

မေတ္တာဆိုတာ နှစ်လမ်းသွားတဲ့

တစ်လှမ်းမှားလို့ ဒုက္ခရောက်

ကုန်းကောက်စရာတောင်

နှလုံးသားမရှိတော့ပါဘူး

အနုအလှအဆင်တန်ဆာတွေနဲ့

ယုယကြင်နာချင်တာက

တို့နှလုံးသား

အမုန်းပွားဖို့

မကြိုးစားလိုက်ပါနဲ့

အရှုံးသမားဆိုတဲ့ဘွဲ့က

Automatic ရနေပြီ ပဲ။ ။

                                ရာမည

In: ကဗျာ,Others Posted By: Date: Oct 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment