Professional Authors

စိတ္တဇကဗျာ

ချမ်းမှာပေါ့ ……
ဒီဇင်ဘာက လောင်ကျွမ်းလို့
ကုန်ဆုံးတော့မယ်…
မင်းမရှိတဲ့ ဒီဆောင်းက
အနွေးဓါတ်မဲ့နေတာဘဲ….

လွမ်းမှာပေါ့…..
အရင်က နွေးထွေးတဲ့လက်တစ်စုံ
အဝေးကို ထွက်သွားတယ်…
မင်းရင်ငွေ့နွေးနွေးလေး
ပျောက်သွားတဲ့ ကိုယ့်ကျောပြင်ကတောင်
မင်းကို လွမ်းနေတာဘဲ….

ပြည့်စေတော့….
ယခင်က မရှိခဲ့ဘူးတဲ့ ဆန္ဒတစ်စုံ
မင်းရှိမှ ဖြစ်တည်လာခဲ့တယ်…
ဝေးနေတဲ့ နေ့ရက်တိုင်းဟာ
စိတ္တဇဆန်တဲ့ အသိတွေနဲ့
ကိုယ့်ကို နှိပ်စက်နေဆဲ…..

သိစေတော့….
နှလုံးသားထဲက ချစ်သူ
လစ်လျှူပြုခံထားရတဲ့ နှလုံးသားကို
ကြည်ဖြူမယ်ဆို ကျီစယ်ခြင်း
မပြုပါနဲ့တော့လား ချစ်သူရယ်…
ကိုယ် အရမ်းချစ်မိသွားလို့ပါ……

In: ကဗျာ Posted By: Date: Jan 21, 2013
Comment #1

1.Best choice of title name.
2.strong deeply feeling made the poem perfect.

commentinfo By: ei lay at Jan 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment