Professional Authors

ဒိုင်ယာရီ နေ့စွဲများ

၂၀၀၉ ကစလို့
ကဗျာအတွက် ကလောင်မကိုင်တော့ဘူး
ငွေကြေးရဲ့ ကျားကွက်ရွှေ့ဖို့
လက်သွေးတက်လာတယ်။
သံသရာ လည်ဖို့
ဝဋ်ခံဖို့အတွက်..ဘုရားတည်..၊စုတ်ထိုး
(၂) မျိုးကိုချန်လို့…..
ကျန်တစ်လမ်း ..ငါလျောက်လှမ်း…။
ကံကြမ္မာက တော့ဓားထမ်းထားတယ်။
င့ါကိုဘယ်နေ့ ခုတ်မလဲတော့မသိ။
ငါ့သိတာ က
လိုချင်တာတွေ စွန့်လွတ်လို့
လိုအပ်တာ တွေ အငမ်းမရနဲ့
ခွေးလို…၀က်လို….
ငွေနံ့ခံလို့ကောင်းဆဲ…။
ဒါပေမဲ့
ရှုရှိုက်မယ်ကြံတိုင်း
ရနံ့ပြယ်ပြယ်သွားတာက ဆိုးလှတယ်။

အငွေ့

In: ကဗျာ Posted By: Date: May 15, 2010  
Comment #1

ငွေကြေးရဲ့ ကျားကွက်ရွှေ့ဖို့
လက်သွေးတက်လာတယ်။

ဒါပေမဲ့
ရှုရှိုက်မယ်ကြံတိုင်း
ရနံ့ပြယ်ပြယ်သွားတာက ဆိုးလှတယ်။

commentinfo By: MyoZin at Jul 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment