သူများချက်ပြုတ်ပီးသား ဒိုင်ယာရီ
တစ်နေ့လုံး ဘယ်သွားပုန်းရပါ့
လိုချင်တာတွေထဲမှာ အရာရာ စစ
ကော်ဖီခွက်လေး တို့ထိလိုက်ချိန်
သူ့မျက်နှာတွေ
သူ့ ဒေါက်ဖိနပ်သံလေး
ငါဖွင့်လိုက်တဲ့ ကက်ဆက်ထဲက
ထွက်လာတဲ့ ဝတ်ဆံလေးတစ်မှုံ
ဘဝတစ်ခု ကုန်တော့မှ မွှေးမြနေမလားပဲ
လမ်းတွေ လက်တွေထဲ ဖြတ်လျှောက်ဇာတ်လမ်းနဲ့
ပန်းခြံထဲက လမ်းသလားတဲ့ လဗ်ဆင်းန်
သောက်နေကျ လဘက်ရည်တောင်
ကျဆိမ့် ဖြစ်လိုက် ပေါ့ဆိမ့် ဖြစ်လိုက်
အသားမကျ တကျ ချက်ထားတဲ့ အသားတု
လူတွေ မီးခိုးတစ်လူလူ စားလိုက်ပုံများ
ငါနဲ့တောင် တူသလိုလို
ယုံချင်မှယုံ သိလား ဟေ့ ချစ်သူ
တစ်ယောက်ရဲ့ ခရေပန်းဟာ
နောက်တစ်ယောက်ရဲ့ စံပယ်ပန်း
တစ်ယောက်ရဲ့ အိမ်သာသုံးစက္ကူဟာ
နောက်တစ်ယောက်ရဲ့ ဒိုင်ယာရီ စာရွက် ပဲ
နောက်ကျပေမယ့်လဲ ငါ စောစီးခဲ့ပါတယ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
Mike de kwar