ငါ ဆိုတဲ့အကောင်
ပြီးခဲ့တဲ့ အတိတ်ဟာ
ပြီးခဲ့ပြီပဲ
ပြန်တွေးကြည့်လို့ပဲရမယ်
လွမ်းကြည့်လို့ပဲ ရတော့မယ်
ပြန်ပြင်လို့မရနိုင်တော့ဘူး
နောင်တ နှင့် အတူရောပါသွားတာက
နှလုံးသားတစ်ခုပါ
မျှော်လင့်နေတဲ့
အချစ် ဟာ
ဖြစ်မလာမှန်းလည်း
သိရသားနဲ့
ငါ တွေးတွေး ပြီး
ပျော်လိုက်ရတာ
ဘာပဲ ဖြစ်ဖြစ် 
ငါဖြစ်ချင်တာ
ငါလိုချင်တာတွေက
စိတ်ကူးယဉ်အိပ်မက် သက်သက်ပါ
ဒီအိပ်မက်တွေ ဟာ
ရယူခြင်းကင်းသလို
စွန့်လွတ်ခြင်းလည်းကင်းတယ်လေ
မင်းကိုငါ မစွန့်လွတ်ရသလို
မပိုင်ဆိုင်ခဲ့ရပါဘူး
မင်း ရဲ့ ရယ်သံလေးတွေ
မင်းရဲ့ ဒေါသထွက်နေတဲ့
ပုံရိပ် ကလေးအချို့ ဟာ
ငါရဲ့ စိတ်ကူးယဉ်အိပ် မက်ထဲမှာတော့
တရားဝင် ဇာတ်ကောင်တွေပေါ့
ငါ့အတွေးတွေထဲမှာလေ
ဘာပဲ ဖြစ်ဖြစ်ပေါ့
အပြင်မှာ လဲ 
ငါက အရိပ်တကြည့်ကြည့်ပါ
မင်းစိတ်ဆင်းရဲမှာ ဆိုးလို့
မင်းမကြိုက်တဲ့ အရာ တွေ အားလုံးကို
ငါရှောင်ရှားနိုင် အောင်
ကြိုးစားခဲ့တဲ့လေ
နောက်ဆုံး
မင်းကို ငါအပြောချင်ဆုံးစကားလေးတောင်
ိသို ၀ှက် လျှက်ပေါ့
မင်း ရဲ့ ပျော်ရွှင်မှုတွေ ကို 
ငါထာဝရမျှော်လင့်လျှက်ပါ…….။
Comment #2
ပြီးခဲ့တဲ့ အတိတ်ဟာ
ပြီးခဲ့ပြီပဲ
ပြန်တွေးကြည့်လို့ပဲရမယ်
လွမ်းကြည့်လို့ပဲ ရတော့မယ်
ပြန်ပြင်လို့မရနိုင်တော့ဘူး
နောင်တ နှင့် အတူရောပါသွားတာက
နှလုံးသားတစ်ခုပါ
…………………….
                        By: အသဲကွဲမိုး at Jan 7, 2011
                    Comment #4
har,,,,,,,,,,,,,,
har…../// twar par p.
lone wa heart hti twar p.
                        By: ei lay at Aug 9, 2011
                    



 
Comment #1
မျှော်လင့်နေတဲ့
အချစ် ဟာ
ဖြစ်မလာမှန်းလည်း
သိရသားနဲ့
ငါ တွေးတွေး ပြီး
ပျော်လိုက်ရတာတဲ. ဒီလောက်တောင်ချစ်ရလားဟာ။