Professional Authors

ပလပ်ကျွတ်..ဒိုင်ယာရီ

မင်းမှားမယ်နော်

ကြိုးစားတိုင်းလဲ မအောင်မြင်ဘူး

လိမ္မာတိုင်းလဲ မချမ်းသာဘူး။

 

ပိုက်ဆံရှိတိုင်းလဲ

ဘောင်မ၀င်ပါဘူးဒဲ့။

(ယခုအချိန်ပြောသောစကား)

 

ပလပ်ကျွတ်လို့ လက်ဖေ့ရည်ဆိုင်ထိုင်

Ruby ၂ လိပ်  FARA နှိုက်ပြီး

လက်ဖေ့ရည် ဂုန်းဆင်းနေတဲ့ကာလ။

 

ငါတို့လဲ တချိန်တုန်းက

ဖေမြင့် တွေဖတ်ပီးရူးသွပ်ခဲ့ဖူးပါတယ်။

 

အဖေနဲ့ အမေနဲ့ညားလို့

လူဖြစ်လာတာလို့

ပြောလို့မရတဲ့ ဒီခေတ်ကြီးမှာ

မင်းဒုက္ခကို..လူသိရှင်ကြားထုတ်ပြော

မနေပါနဲ့ကွာ။

 

ငယ်ငယ်တုန်းက

သင်ယူ..ဆည်းပူးသမျှ

ဘာမှကိုမဆိုင်ဘူး။

 

အရင်ကတည်းက

ဖြူစင်မှုကို

အရောင်ဆိုးပြစ်ခဲ့ရမှာ။

 

အရာရာတိုင်းလဲ

ရောင်ပြန်မဟပ်ပါဘူးဗျာ

မင်းက အရင်ကတည်းက transparent မှ

မဟုတ်ခဲ့တာ။

 

ယုတ်မာမှု ပြစ်ဒဏ်ကို

လိမ်ညာမှုနဲ့…အယူခံဝင်လိုက်တာ

တသက်လုံး

လူလိမ္မာလေးတယောက်

မင်းမှ မသိတာ။

 

အဆိုးထဲက… အကောင်း

ဘာ..ဒါပုံသေနည်းလား

ဒီနေရာကနေပြင်လိုက်သည်။

 

ဘာဖြစ်လို့

အဆိုးထဲ မှာ

အကောင်းစိမ့်ဝင်နိုင်လောက်တဲ့

ခုခံမှု သူ့ မှာ မရှိဘူး။

 

အကောင်းရဲ့ resistance က zero ohm.

 

ပတ်ဝန်းကျင်ကို ပိတ်ဖြူနဲ့ မကာချင်ဘူး

ပိတ်ဖြူ  နှမြောလို့။

 

သောက်ဂရုမစိုက်ဘူးတဲ့

မင်းသောက်ပြောခံနေရတာကို

သောက်ကြွားသန်ချင်တော့လဲ

ပတ်ဝန်းကျင် ကိုအိမ်ခေါ်ထမင်းကျွေး။

 

လောကသေးသေးလေးထဲက

လောက အကြီးကြီးကို

စိန်ခေါ်နေတာပဲ။

 

ကိုယ့် အသက်ကိုရှု စမ်းပါကွာ။

 

သူ့ရဲ့ ခုခံမှုက

Infinity နော်။

 

 

 

FiйaL⎝⋋⏝⋌⎠mUtaTioй

 

1.9.2010 ( 11:43 pm)

 

 

 

 

 

In: ကဗျာ Posted By: Date: Sep 2, 2011
Comment #1

အရင်ကတည်းက

ဖြူစင်မှုကို

အရောင်ဆိုးပြစ်ခဲ့ရမှာ။

အရာရာတိုင်းလဲ

ရောင်ပြန်မဟပ်ပါဘူးဗျာ

မင်းက အရင်ကတည်းက transparent မှ

မဟုတ်ခဲ့တာ။ (အမှန်တွေဘာလို့ရေးတာလဲ……..ကောင်းပါ၏)

commentinfo By: May Kha at Sep 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment