Professional Authors

ခြားနားချက်….

ကျွန်တော့်ကြောင်
သူ့ကိုယ်သူကြောင်လို့ သိမသိ မသေချာဘူး
ကြောင်အလုပ်ကို သူ ပီပီသသ လုပ်တယ်…..၊
ကျွန်တော့်ခွေး
သူ့ဘ၀ဟာ ခွေးပါလို့ သူတွေးချင်မှတွေးမှာ
ဒါပေမယ့်
သူကခွေးအလုပ်ကိုတော့ ကျကျနန လုပ်နေတာပဲ………….၊
ကျွန်တော်ကျတော့……..
အင်း……….
ကျွန်တော်လူဆိုတာ သေချာပါတယ်
သေသေချာချာကို သေချာပါတယ်
မသေချာတာ တစ်ခုထဲရယ်
ဒီနေ့ ဒီရက်တွေထိ
လူဆန်တဲ့အလုပ်တွေ ဘယ်လောက် လုပ်ခဲ့မလုပ်ခဲ့ဆိုတာကိုပဲ    ။     ။

                                             လင်းဆက်မှူး

In: ကဗျာ Posted By: Date: Sep 22, 2011
Comment #1

ကျွန်တော်လူဆိုတာ သေချာပါတယ်
သေသေချာချာကို သေချာပါတယ်
မသေချာတာ တစ်ခုထဲရယ်
ဒီနေ့ ဒီရက်တွေထိ
လူဆန်တဲ့အလုပ်တွေ ဘယ်လောက် လုပ်ခဲ့မလုပ်ခဲ့ဆိုတာကိုပဲ ။ ။

commentinfo By: May Kha at Sep 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment